ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဘီလင်ဟမ်နဲ့ သူ့ရဲ့မိသားစုဟာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းအထိ ရောက်ရှိလာခဲ့ဖူးသူတွေဖြစ်ပြီး ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။


ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကစားသမားဘီလင်ဟမ်ဟာ ဒေါ့မွန်အသင်းကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ကစားသမားရဲ့စာချုပ်သက်တမ်းကိုမဖော်ပြခဲ့ပေမယ့်လည်း နှစ်ရှည်စာချုပ်ဖြစ်တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ဒေါ့မွန်က နောက်တစ်ကြိမ်နောက်ကောက်ချနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ကစားသမားအတွက် များပြားလှတဲ့ငွေကြေးကို ဒေါ့မွန်က အသုံးပြုခဲ့တာလည်းဖြစ်တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ လာမယ့်ဗုဒ္ဓဟူုးနေ့မှာ ဘီလင်ဟမ်က ဘာမင်ဂမ်နဲ့ဒါဘီပွဲစဉ်ကို သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားပေးဦးမှာဖြစ်ပြီး အဲဒီနောက်မှာ ဒေါ့မွန်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ 

"ဥရောပရဲ့ အကြီးကျယ်ဆုံးအသင်းတစ်သင်းကိုပြောင်းရွှေ့ရမှာမို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ သူတို့က လူငယ်ကစားသမားတွေကို ဘယ်လောက်ထိကူညီပေးနိုင်လဲဆိုတာကို မြင်တွေ့ခဲ့ရပြီးလို့ ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော့်မိသားစုပါ ဆုံးဖြတ်ချက်ချမှတ်ဖို့ လွယ်ကူခဲ့ပါတယ်၊ ဘာမင်ဂမ်ကတော့ ကျေးဇူးတင်စကားနဲ့ပဲ မလုံလောက်ပါဘူး၊ ကျွန်တော့်အတွက် သူတို့လုပ်ပေးခဲ့တာတွေက အများကြီးပါ"

"ကျွန်တော်ကအမြဲတမ်း အပြာရောင်အသင်းသားဖြစ်နေမှာပါ" လို့ ဘီလင်ဟမ်ကပြောဆိုခဲ့ပါတယ်။ ဘီလင်ဟမ်နဲ့ သူ့ရဲ့မိသားစုဟာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းအထိ ရောက်ရှိလာခဲ့ဖူးသူတွေဖြစ်ပြီး ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘီလင်ဟမ်ရဲ့ ဖခင်ကိုယ်တိုင်ကလည်း ဒေါ့မွန်မှာအောင်မြင်နေတဲ့ ဆန်ချိုရဲ့ လမ်းစဉ်ကိုသဘောကျပြီး သားဖြစ်သူကို တိုက်တွန်းခဲ့တာပါ။ 

ဘီလင်ဟမ်ဟာ ဘာမင်ဂမ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ပွဲထွက်ကစားခွင့်ရရှိသူအဖြစ် မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ၃၈ ရက်မှာပဲ စတင်ကစားပေးခဲ့တာဖြစ်ပြီး သူ့ရဲ့အိမ်ကွင်းပထမဆုံးပွဲမှာ စတုတ်စီးတီးဘက်ကို အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ 



က္က