ယူနိုက်တက်မှာ ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ရဲ့ သွင်းဂိုးဟာ ဇန်နဝါရီလနောက်ပိုင်းမှာ သူ့အတွက် ပထမဆုံးရရှိခဲ့တဲ့ သွင်းဂိုးဖြစ်ပြီးတော့ ကိုပါအမေရိကလက်ရှိချန်ပီယံချီလီအသင်းကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။


အလက်ဆစ်ဆန်းချက်ဇ်အတွက် နောက်ထပ်သွင်းဂိုးတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ချီလီကွင်းလယ်လူ ဗီဒယ်က ဂျပန်ကို ကိုပါအမေရိကဖလား အုပ်စု (ဂ)ပွဲစဉ်မှာ အနိုင်ယူအပြီး ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ အသင်းဖော်ကို ဗီဒယ်က အားပေးစကားပြောကြားလိုက်တာဖြစ်ပါတယ်။



ဆန်းချက်ဇ်ရဲ့ သွင်းဂိုးဟာ ဇန်နဝါရီလနောက်ပိုင်းမှာ သူ့အတွက် ပထမဆုံးရရှိခဲ့တဲ့ သွင်းဂိုးဖြစ်ပြီးတော့ ကိုပါအမေရိကလက်ရှိချန်ပီယံချီလီအသင်းကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အသင်းဖော်ဗားဂတ်စ်ဂိုးသွင်းနိုင်အောင်လည်း ဆန်းချက်ဇ်က ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့ပါတယ်။

ဆန်းချက်ဇ်အတွက် သွင်းဂိုးလိုအပ်နေပါတယ်၊ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို သူ ဖြတ်သန်းခဲ့ရပြီး ဒီသွင်းဂိုးတွေက သူ့ကို ယုံကြည်မှုဖြစ်လာစေမှာပါ" လို့ ဝါရင့်ကွင်းလယ်လူ ဗီဒယ်က ပွဲအပြီးမှာ ပြောကြားခဲ့တယ်လို့ Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။ ဆန်းချက်ဇ်က (၈၂)မိနစ်မှာ ဂျပန်နောက်ခံလူနဲ့အပြိုင် ခေါင်းတိုက်ကာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ (၈၃)မိနစ်မှာ အသင်းဖော်ဗားဂတ်စ်က ဘောလုံးလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီး ဂိုးသွင်းနိုင်အောင် ဆန်းချက်ဇ်က ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကိုပါအမေရိကဖလားကို (၂)ကြိမ်ဆက်တိုက်ဆွတ်ခူးထားပြီး (၃)ကြိမ်ဆက် ပိုင်ဆိုင်ခွင့်ရရှိဖို့ ကြိုးစားရမယ့် ချီလီအသင်းနဲ့ ပတ်သက်ပြီးတော့လည်း ဗီဒယ်က အခုလိုပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ပွဲအပေါ် အပြည့်အဝအာရုံစိုက်ခဲ့ပါတယ်၊ ဒီလိုပုံစံမျိုးကို ဆက်လက်ပြိး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ တိုးတက်မှုရှိလာမှာဖြစ်ပြီး အရမ်းအန္တရာယ်ကြီးမားတဲ့ အသင်းတစ်သင်းဖြစ်လာမယ်ဆိုတာ နားလည်ထားပါတယ်" လို့ ဗီဒယ်က ထပ်ပြောခဲ့ပါတယ်။ ချီလီဟာ ဒုတိယမြောက်ပွဲစဉ်အဖြစ် အီကွေဒေါနဲ့ ထပ်မံကစားရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က