ဒီမနက်ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။
Pyae Phyo Thein

ချီလီဂိုးသမား ဂါဘရီရယ်အာရီရက်စ်ရဲ့ လက်နဲ့ဘောလုံးထိချိန်မှာတော့ ဆွာရက်ဇ်က လက်နဲ့ထိခဲ့တယ်ဆိုကာ ပယ်နယ်တီအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။


ချီလီ နဲ့ ဥရုဂွေးတို့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလားအုပ်စုပွဲစဉ်မှာ ဥရုဂွေးက ကာဗာနီရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့သွားခဲ့ပါတယ်။ ဥရုဂွေးအတွက် ပွဲကစားချိန် (၈၂)မိနစ်မှာ ကာဗာနီက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အုပ်စု (ဂ)မှာ ရမှတ် (၇)မှတ်ရရှိကာ အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။



အဆိုပါပွဲမှာတော့ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်ဟာ ပွဲချိန်အတွင်း လူပြောချင်စရာဖြစ်စေမယ့် ကိစ္စတစ်ခုကို ဖန်တီးသွားခဲ့ပါတယ်။ ချီလီအသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်းမှာ ဆွာရက်ဇ်က ဘောလုံးရရှိခဲ့ပြီးနောက် ဂိုးကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ချီလီအသင်းဂိုးသမားက လက်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ဥရုဂွေးတို့ ထောင့်ကန်ဘောရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ချီလီဂိုးသမား ဂါဘရီရယ်အာရီရက်စ်ရဲ့ လက်နဲ့ဘောလုံးထိချိန်မှာတော့ ဆွာရက်ဇ်က လက်နဲ့ထိခဲ့တယ်ဆိုကာ ပယ်နယ်တီအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ဆွာရက်ဇ်က ဂိုးသမားဖြစ်မှန်း သတိဝင်ခဲ့ပြီး သူ့ရဲ့လက်ဟန်နဲ့ တောင်းဆိုနေမှုကို ရုတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

တွစ်တာပေါ်မှာတော့ အဆိုပါဗီဒီယိုက ရေပန်းစားနေပြီး ဆွာရက်ဇ်ရဲ့ ပယ်နယ်တီတောင်းဆိုမှုအပေါ်မှာ လှောင်ပြောင်ကာ ရယ်ပွဲဖွဲ့နေကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ပြိုင်ပွဲကြိးတွေမှာဆိုရင် လူပြောချင်စရာ အဖြစ်အပျက်မျိုးတွေကို မကြာခဏဆိုသလို ပြုလုပ်တတ်လေ့ရှိတဲ့ ကစာသမားလည်း ဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းကလည်း အီတလီနောက်ခံလူ ချိလီနီရဲ့ ပခုံးကို သွားနဲ့ကိုက်ခဲခဲ့လို့ လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂါနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတုန်းက သေချာပေါက်ဂိုးပေးရတော့မယ့်အချိန်မှာ ဘောလုံးကို လက်နဲ့ သိသိသာသာပုတ်ထုတ်ကာကွယ်ခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံရဖူးသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က