လက်ရှိချန်ပီယံမရှိတော့လို့ ချန်ပီယံ အသင်းသစ် ပေါ်ထွက်လာမှာပါ။
Kyaw Ko Ko Sint

လက်ရှိချန်ပီယံ ကင်မရွန်းနဲ့ အိမ်ရှင် နာမည်ကြီး အီဂျစ်တို့ ပြိုင်ပွဲက စောစီးစွာ ထွက်ခွာခဲ့ရလို့ ဒီနှစ်မှာတော့ ချန်ပီယံအသင်းသစ်တစ်သင်း သေချာပေါက် ပေါ်ထွက်လာဦးမှာပါ။

အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာတော့ နိုင်ဂျီးရီးယားက တောင်အာဖရိကကို ၂-၁ ဂိုးနဲ့လည်းကောင်း၊ ဆီနီဂေါက ဘီနင်ကို ၁-၀ နဲ့လည်းကောင်း အသီးသီး အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။



လက်ရှိ ချန်ပီယံ ကင်မရွန်းအသင်းနဲ့ အိမ်ရှင် အီဂျစ်တို့ စောစီးစွာ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် ဒီနှစ် ပြိုင်ပွဲမှာ ချန်ပီယံအသစ် သေချာပေါက် ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ ယခုနှစ် အာဖရိကဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပွဲတွေကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ မာဒါဂါစကာလိုအသင်းက အံ့အားသင့်ဖွယ်ခြေစွမ်းနဲ့ ကွာတားဖိုင်နယ်အထိ တက်လှမ်းလာတာလည်း တွေ့ရပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာတော့ အိုင်ဗရီကို့စ်နဲ့အယ်ဂျီးရီးယား၊ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁နာရီခွဲမှာတော့ မာဒါဂါစကာနဲ့တူနီးရှားတို့ ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် ဆက်လက် ကစားကြပါဦးမယ်။

ဆီမီးဖိုင်နယ်ကို ကိုယ်စီ တက်လှမ်းသွားပြီ ဖြစ်တဲ့ ဆီနီဂေါနဲ့ နိုင်ဂျီးရီးယားတို့ကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေခြင်း မရှိပဲ ဆီနီဂေါအသင်းက မာဒါဂါစကာ(သို့)တူနီးရှားနဲ့ တွေ့ဆုံ ကစားရမှာ ဖြစ်သလို နိုင်ဂျီးရီးယားအသင်းကတော့ အိုင်ဗရီကို့စ်(သို့) အယ်ဂျီးရီးယားအသင်းနဲ့ တွေ့ဆုံနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က