တစ်နှစ်ကို ပေါင် ၃၈သန်းအထိ ရရှိနေတာပါ။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပို့စ်တစ်ခုအတွက် ပေါင်ခုနှစ်သိန်းရှစ်သောင်းအထိ ရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂လအတွင်းမှာ စုစုပေါင်း Sponsored Instagram Post ကို ၃၄ ခုအထိ တင်ခဲ့တယ်လို့ သိရပါတယ်။


ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ အင်စတာဂရမ်ကတဆင့် တစ်နှစ်ကို ဝင်ငွေပေါင် ၃၈သန်းကျော်အထိ ရရှိနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အင်စတာဂရမ်ကနေ ဝင်ငွေအများဆုံးရရှိတဲ့ ထင်ပေါ်ကျော်ကြားသူအဖြစ်လည်း ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာက မက်ဆီထက် နှစ်ဆနီးပါးအသာရရှိနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပို့စ်တစ်ခုအတွက် ပေါင်ခုနှစ်သိန်းရှစ်သောင်းအထိ ရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂လအတွင်းမှာ စုစုပေါင်း Sponsored Instagram Post ကို ၃၄ ခုအထိ တင်ခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့လူမှုဘဝနေထိုင်ပုံနဲ့ ဗီဒီယိုတွေကို ရော်နယ်ဒိုက ပြန်လည်ဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။

အင်စတာဂရမ်ကတဆင့် ဝင်ငွေအများဆုံးရရှိတဲ့ ထိပ်ဆုံး ၁၀ဦးမှာ ဘောလုံးကစားသမား ၆ ဦးအထိ ပါဝင်နေခဲ့ပါတယ်။ ရော်နယ်ဒို၊ မက်ဆီ၊ နေမာ နဲ့ ဇလာတန်အီဘရာဟီမိုဗစ်တို့က လက်ရှိမှာ ကစားနေဆဲကစားသမားတွေအဖြစ် ပါဝင်နေခဲ့ပြီး ဒေးဗစ်ဘက်ခမ်းနဲ့ ရော်နယ်ဒင်ဟိုတို့ကတော့ ကစားသမားဘဝကအနားယူပြီးသူတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

မက်ဆီကတော့ ပြီးခဲ့တဲ့နှစ်မှာ စုစုပေါင်း ပို့စ် ၃၆ ခုအထိတင်ခဲ့ပြီး ရော်နယ်ဒိုထက် ၂ခုပိုမိုများပြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိ့ုစ်တစ်ခုချင်းစီအတွက မက်ဆီက ပေါင်ငါးသိန်းကျော်သာရရှိခဲ့ပြီး ရော်နယ်ဒိုထက် သိသိသာသာနည်းပါးခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းကတော့ ပို့စ်တစ်ခုကို ပေါင်နှစ်သိန်းရှစ်သောင်းကျော်အထိ ရရှိပြီး ထိပ်ဆုံး ၁၀ဦးစာရင်းမှာ အဆင့် ၄နေရာမှာ ရှိခဲ့ပါတယ်။

နာမည်ကျော်မော်ဒယ်နှစ်ဦးဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာနဲ့ ခိုင်လီဂျန်နာတို့ ညီအစ်မကလည်း ထိပ်ဆုံး ၁၀ဦးမှာ ပါဝင်လာခဲ့ပါတယ်။ ကန်ဒဲလ်က အဆင့် ၃နေရာမှာ ရှိနေခဲ့ပြီး တစ်နှစ်ကို ပေါင် ၁၂.၇ သန်းရရှိနေပြီး ခိုင်လီကတော့ ပေါင် ၃ သန်းအထိ ရရှိနေခဲ့တာဖြစ်ပါတယ်။ နေမာကတော့ ပေါင် ၅.၈သန်းနဲ့ အဆင့် ၆၊ ဇလာတန်က ပေါင် ၃.၂သန်းနဲ့ အဆင့် ၇ မှာ ရှိနေခဲ့ကြပါတယ်။



က္က