နောက်ထပ် ၂ ရာသီလောက် ထပ်ကစားချင်တယ်လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မယ့် အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဘာရီဟာ ထိပ်တန်းအသင်းကြီးတွေမှာ ကစားနိုင်တဲ့ခြေစွမ်းရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေကြောင်း Goal ရဲ့သတင်းအရ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကနေ ဇွန်လအကုန်မှာ ထွက်ခွာရမယ့် ရီဘာရီဟာ အသင်းကြီးတွေမှာ ကစားဖို့ ဆန္ဒရှိနေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၂၅ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၂၄ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်း ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဆုဖလား ၂၃ လုံးအထိ ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

ရီဘာရီက ၎င်းအနေနဲ့ ထိပ်တန်းအဆင့်ခြေစွမ်းကျန်ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပြီး L’Equipe နဲ့တွေ့ဆုံချိန်မှာ အောင်မြင်မှုတွေ ရယူဖို့ ဆာလောင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တွေးမိသရွေ့က ကျွန်တော့်အနေနဲ့ အသင်းကြီးအတွက် ကစားနိုင်ဆဲလို့ ထင်ပါတယ်။ ကျွန်တော် စဉ်းစားကြည့်ပါရစေဦး။ ကျွန်တော် နောက်ထပ် ၂ ရာသီလောက် ကစားချင်ပါတယ်”

“ကျွန်တော့်အတွက် ဘယ်နေရာမှာမဆို ပိုက်ဆံတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော် စိန်ခေါ်မှုတွေ လိုချင်ပါတယ်”

“ကျွန်တော် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်ဆဲလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က