ပြင်သစ်က အိမ်ရှင်အဖြစ် ကစားခဲ့တဲ့ ယူရို ၂၀၂၀ခြေစစ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ပြင်သစ်အိမ်ကွင်းတာဝန်ရှိသူတွေအနေနဲ့ နောက်ရက်မှာ ထပ်မံ ကစားရမယ့် အန်ဒိုုရာ အသင်းရဲ့ နိုင်ငံတော်သီချင်းကို မှားဖွင့်မိခဲ့လို့ ပွဲစဖို့ ၁၀ မိနစ်လောက် နောက်ကျခဲ့ပါတယ်။

ပြင်သစ်က အယ်လ်ဘေးနီးယားကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာတော့ ပွဲမစခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ဧည့်သည် အယ်လ်ဘေးနီးယားနိုင်ငံတော်သီချင်းကို အန်ဒိုရာနိုင်ငံတော် သီချင်း နဲ့ မှားဖွင့်မိခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အယ်လ်ဘေးနီးယား ကစားသမားတွေအနေနဲ့ နိုင်ငံတော် သီချင်း သီဆိုဖို့ အားပြုချိန်မှာ ကြားလိုက်ရတဲ့ နိုင်ငံတော် သီချင်းကြောင့် အားလုံး ကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတယ်။

အခုလို မှားဖွင့်မိတဲ့ အန်ဒိုရာနိုင်ငံတော်သီချင်းကတော့ လာမယ့် အင်္ဂါနေ့မှာ ပြင်သစ်အသင်းထပ်မံ ဧည့်ခံ ကစားရမယ့် အသင်းရဲ့ သီချင်းလည်း ဖြစ်နေတာပါ။

ကွင်းအတွင်း ကြေညာသူကတော့ အခုလို နိုင်ငံတော်သီချင်း မှားဖွင့်မိခဲ့တဲ့အတွက် အယ်လ်ဘေးနီးယား အသင်းသားတွေကို တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အယ်လ်ဘေးနီးယား အသင်းနည်းပြတာဝန်ရှိသူတွေကတောာ့ နိုင်ငံတော်သီချင်းအမှန်ပြန်မ ဖွင့်ခင်မှာ စောဒဂတက်မှုများပြုလုပ်ခဲ့ကြတာကြောင့် ပွဲစဖို့ ၁၀မိနစထိ နောက်ကျခဲ့ရတယ်လို့လည်း သိရပါ တယ်။


ဆက်စပ်အကြောင်းအရာများ



က္က