တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာပါ။

စင်ကာပူအမျိုးသားအားကစားကွင်းကြီးထဲမှာ ဒီနေ့ကစားခဲ့တာဖြစ်ပြီး နေမာအနေနဲ့ တံကောက်ကြောဒဏ်ရာရရှိခဲ့ဖွယ်ရှိတယ်လို့ Bleacher Report က ဖော်ပြခဲ့ပါတယ်။


ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်မှူးနေမာဟာ နိုင်ဂျီးရီးယားနဲ့ ကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ဒဏ်ရာရရှိသွားခဲ့လို့ စောစောစီးစီးပဲ လူစားလဲခဲ့ရတယ်လို့ သိရပါတယ်။ ဒီပွဲစဉ်ကို စင်ကာပူအမျိုးသားအားကစားကွင်းကြီးထဲမှာ ဒီနေ့ကစားခဲ့တာဖြစ်ပြီး နေမာအနေနဲ့ တံကောက်ကြောဒဏ်ရာရရှိခဲ့ဖွယ်ရှိတယ်လို့ Bleacher Report က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်လူမှုကွန်ရက်တွေကလည်း နေမာအနေနဲ့ ပွဲချိန်အစောပိုင်းမှာပဲ ကော်တင်ဟိုနဲ့လူစားလဲလှယ်ခံခဲ့ရတယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းရွှေ့မယ့်ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးသတင်းထွက်နေခဲ့တဲ့ နေမာဟာ နောက်ထပ်ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် နေမာက လွဲချော်ခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေနဲ့ ရာသီအဖွင့်ပွဲတွေကိုလည်း လွဲချော်ခဲ့ရပြီး ဒဏ်ရာက ပြန်လည်သက်သာလာချိန်မှာ ပီအက်စ်ဂျီအတွက် နေမာက ခြေစွမ်းပြကစားနေခဲ့ပါတယ်။

နေမာရဲ့ ဒဏ်ရာပြသနာသတင်းက ပီအက်စ်ဂျီအတွက်တော့ သတင်းဆိုးတစ်ခုဖြစ်လာခဲ့ပြီး ဘတ်ပီ၊အီကာဒီနဲ့ ကာဗာနီတို့ပါ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်ပိုင်းမှာ နေမာက ထပ်တိုးစာရင်းဝင်သွားခဲ့ပါတယ်။ သောမတ်စ်တူချယ်လ်အတွက်လည်း အသင်းတိုက်စစ်ပိုင်းမှာ ချူပိုမိုတင်းကိုပဲ ရွေးချယ်စရာရှိတော့မှာဖြစ်ပြီး သူ့အတွက်တော့ အသင်းတိုက်စစ်ပိုင်းပြသနာက တော်တော်လေးကြီးမားလာခဲ့ပါတယ်။



က္က