ကာတာနိုင်ငံအနေနဲ့ ကွင်းတည်ဆောက်မှုတွေအတွက် ကန်ဒေါ်လာဘီလျံပေါင်းများစွာအသုံးပြုထားတာပါ။

ကာတာနိုင်ငံအနေနဲ့ အွန်လိုင်းလက်မှတ်ဝယ်ယူမှုများအပါအဝင် ဆိုက်ဘာလုံခြုံရေးအတွက် ကန်ဒေါ်လာများ စွာအသုံးပြုဖို့ရှိနေခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ကာတာနိုင်ငံအနေနဲ့ ပြိုင်ပွဲမကျင်းပမီ အချိန်ကာလ၊ ကျင်းပမယ့်ကာလများတွင်နည်း ပညာအထောက်အကူများရယူခြင်းနဲ့အတူ ဆိုက်ဘာလုံခြုံရေးများအတွက် ငွေကြေးများစွာအသုံးပြုဖို့စီစဉ်နေပြီ ဖြစ်တယ်လို့ နည်းပညာသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ idgconnect.com က ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိသတ်အရေအတွက် ၈သန်းကျော်လာရောက်ခဲ့ရာတွင် လုံခြုံရေး အစီအစဉ်များဆောင်ရွက်ခဲ့မှုတွေကိုလည်း လေ့လာမှုများပြုလုပ်နေခဲ့ပြီး ဘဏ်လုပ်ငန်းစနစ်များ၊ အွန်လိုင်းပွဲကြ ည့်လက်မှတ်ဝယ်ယူမှုများတွင်မသမာမှုများမရှိစေရေးအတွက်အခုလိုငွေကြေးများစွာအသုံးပြုဖို့စီစဉ်နေခဲ့တာပါ။



လက်ရှိသတင်းထွက်ပေါ်မှုတွေအရ အနောက်နိုင်ငံတွေနဲ့ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့ထားတဲ့ အီရန်နိုင်ငံ က ကွင်းတည်ဆောက်မှုများအပြင် နည်းပညာအထောက်အကူအချို့ပေးထားခဲ့တယ်လို့ သတင်းဖော်ပြမှုအချို့ လည်းရှိနေခဲ့တာဖြစ်ပါတယ်။

“ ကာတာနိုင်ငံအနေနဲ့ ပြိုင်ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ ပြည်ပအကူအညီတွေအပါအဝင် န ည်းပညာအထောက်အကူတွေလည်း ရယူဖို့အသင့်ပါ။ အထူးသဖြင့် အွန်လိုင်းလက်မှတ်ဝယ်ယူမှုအပါအဝင်လာ  ရောက်ကြည့်ရှု့မယ့် ပရိသတ်တွေရဲ့ လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူသွားမှာပါ ” လို့ ကာတာဝန်ကြီးချုပ်ခါလီဖာအယ်လ်သာနီက ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။

အီရန်နိုင်ငံအနေနဲ့ ကာတာနိုင်ငံရဲ့ ကွင်းတည်ဆောက်မှုများတွင် ပူးပေါင်းပါဝင်ဖို့အတွက် စတင်ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း ကာတာနိုင်ငံအစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်မှုများရှိနေတာဖြစ်တယ်လို့ bne In telliNews က အခိုင်အမာဖော်ပြထားခဲ့တာလည်းဖြစ်ပါတယ်။



က္က