အသက် ၂၉ ရှိပါပြီ။

အသက် ၂၉ နှစ်ရှိနေပြီ ဖြစ်ပြီး ဥရောပချန်ပီယံရှစ်ပြီးရင် နိုင်ငံ လက်ရွေးစင်ဘဝက အနားယူဖို့ အချိန် ကောင်းပဲလို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းရဲ့ ရီးရဲကွင်းလယ်လူ တိုနီခရူးစ်က လာမယ့် ၂၀၂၀ ယူရိုပြိုင်ပွဲပြီးရင် နိုင်ငံလက်ရွေးစင် ကစားသမားဘဝက အနားယူမယ်လို့ ကြေညာခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြ လာပါတယ်။





၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်စဉ် ဂျာမနီအတွက် အကောင်းဆုံး ပါဝင်ကစားပေးခဲ့တဲ့ ခရူးစ်အနေနဲ့ ၂၀၁၆ ယူရိုနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ အောင်မြင်မှု မရရှိခဲ့ပေ။

"”ဥရောပ ချန်ပီယံ မဖြစ်ပဲနဲ့ အနားယူလိုက်ရင် ကျွန်တော့်ကိုယ် ကျွန်တော် သတ်သလို ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီ ၂၀၂၀ ယူရို ပြိုင်ပွဲအပြီးက အနားယူဖို့ အချိန်ကောင်းပါပဲ။” လို့ အသက် ၂၉ နှစ်အရွယ် ခရူးစ်က ခြေစစ်ပွဲပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

ခရူးစ်ရဲ့ ဂျာမနီအသင်းကတော့ ဒီကနေ့မှာ နယ်သာလန်အသင်းကို ယူရို ၂၀၂၀ခြေစစ်ပွဲအဖြစ် အိမ်ကွင်း ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။

ခရူးစ်ရဲ့ ကွင်းလယ် ပါတနာ ဂေါ်ရက်ဇ်ကာကတော့ ပေါင်ခြံ ဒဏ်ရာကြောင့် ဒီတစ်ခေါက် ဂျာမနီအသင်းရဲ့ခြေစစ်ပွဲစဉ်တွေကို လွဲချော်ခဲ့တာကြောင့် ခရူးစ်အနေနဲ့ အသင်းရဲ့ကွင်းလယ်ကို တစ်ဦးတည်း ထိန်းချုပ်ကစားရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က