လိုင်ယွန်နဲ့ပွဲကို သတိထားကစားဖို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
Pyae Phyo Thein

ပထမအကျော့အဖြစ် ပြင်သစ်မြေမှာ ကစားခဲ့ရာမှာ ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပြီး ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ ဒုတိယအကျော့ကို အနိုင်ကစားရုံနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမားဟောင်း ယော်ဒီအယ်လ်ဘာက ကြာသပတေးနေ့မှာ ကစားရမယ့် လိုင်ယွန်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် အသင်းကို သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။ ပထမအကျော့အဖြစ် ပြင်သစ်မြေမှာ ကစားခဲ့ရာမှာ ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပြီး ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ ဒုတိယအကျော့ကို အနိုင်ကစားရုံနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်တော့မှာ ဖြစ်ပါတယ်။



အယ်လ်ဘာက ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတဲ့ ရိုးမားအသင်းနဲ့ အဖြစ်အပျက်ကို မမေ့လျော့ကြဖို့ အသင်းဖော်တွေကို သတိပေးခဲ့ပြီး လိုင်ယွန်နဲ့ပွဲမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ရိုးမားနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမအကျော့မှာ (၄-၁) နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ (၃-ဝ) နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ဒါကြောင့် အယ်လ်ဘာက လိုင်ယွန်နဲ့ပွဲမှာလည်း အဆိုပါအဖြစ်လိုမျိုး ရင်ဆိုင်ရမှာကို စိုးရိမ်နေခဲ့တာပါ။ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ အယ်လ်ဘာက "ပြီးခဲ့တဲ့ရာသီက ရိုးမားကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့ ရေပန်းစားခဲ့ပါတယ်၊ ဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာကိုလည်း ကျွန်တော်တို့ ကြုံတွေ့ရခဲ့ရပြီးပါပြီ၊ ကျွန်တော်တို့ရဲ့ ပုံစံအမှန်ကို ပြသနိုင်ဖို့ လိုအပ်ပါတယ်" လို့ အယ်လ်ဘာက ပြောခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် မထင်မှတ်ပဲ အဝေးကွင်းမှာ ပြန်လည်အရေးနိမ့်ခဲ့လို့ တုန်လှုပ်ဖွယ်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို သေချာပေါက် တက်ရောက်နိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လိုင်ယွန်နဲ့ပွဲမှာလည်း ပြိုင်ဘက်ကို လျှော့မတွက်ဖို့ အယ်လ်ဘာက သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဘာကတော့ ပြီးခဲ့တဲ့ ရက်ကမှ အသင်းနဲ့အတူ (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။ ဗယ်လ်ဗာဒီရဲ့ အားထားရတဲ့ ကစားသမားဖြစ်ပြီး တိုက်စစ်ခံစစ်ကစားနိုင်စွမ်းရှိတဲ့ အယ်လ်ဘာဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲ အထိ ကစားပေးထားပြီး (၃)ဂိုးသွင်းယူပေးထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က