ချန်ပီယံလိဂ်ပွဲအတွက် ရည်ရွယ်ထားဟန်ရှိပါတယ်။
Pyae Phyo Thein

ဂျူဗင်တပ်စ်ဟာ ရာသီပိတ်ပွဲအဖြစ် အိမ်ကွင်းမှာ ရိုးမားကို လက်ခံကစားရမှာဖြစ်ပြီး ပွဲအပြီးမှာ ဆုဖလားချီးမြှင့်ပွဲမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ 


ရိုးမားနဲ့ကစားရမယ့် စီးရီးအေနောက်ဆုံးပွဲစဉ်မှာ ရော်နယ်ဒိုကို အနားပေးဖွယ်ရှိတယ်လို့ ဂျူဗီနည်းပြဆာရီက ပြောဆိုလိုက်ပါတယ်။ စကူဒက်တိုဖလားကို ဆွတ်ခူးထားပြီးဖြစ်တဲ့ ဂျူဗင်တပ်စ်ဟာ ရာသီပိတ်ပွဲအဖြစ် အိမ်ကွင်းမှာ ရိုးမားကို လက်ခံကစားရမှာဖြစ်ပြီး ပွဲအပြီးမှာ ဆုဖလားချီးမြှင့်ပွဲမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ 

လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိနေသေးတဲ့ ဂျူဗင်တပ်စ်ဟာ အဓိကတိုက်စစ်မှူးရော်နယ်ဒိုကို အနားပေးဖို့အတွက် စီစဉ်ထားတာလည်းဖြစ်ပါတယ်။ ပထမအကျော့မှာ လိုင်ယွန်က ၁-၀ နဲ့ အနိုင်ရရှိထားပြီး အိမ်ကွင်းမှာ ဂျူဗီက မဖြစ်မနေအနိုင်ရဖို့လိုအပ်နေပြီး အနည်းဆုံး ၂ဂိုးပြတ်အောင်ကစားဖို့လည်း ရှိနေပါတယ်။ 

ရော်နယ်ဒိုကတော့ ပြန်လည်စတင်ခဲ့တဲ့ စီးရီးအေပွဲစဉ်တိုင်းမှာ ဂျူဗီအတွက် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လိဂ်ဂိုး ၃၁ ဂိုးအထိ ဒီရာသီမှာသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးအေရွှေဖိနပ်ဆုအတွက် လာဇီယိုတိုက်စစ်မှူးအီမိုဘီလီနဲ့ လေးဂိုးအထိကွာဟသွားပြီဖြစ်လို့လည်း ဆာရီက အခုလိုဆုံးဖြတ်ခဲ့ဟန်ရှိပါတယ်။

"ဘယ်သူအနားယူသင့်တယ်၊ ဘယ်သူကစားရမယ်ဆိုတာကို ဒီနေ့နဲ့ မနက်ဖြန်မနက် လေ့ကျင့်ရေးကွင်းကအခြေအနေကို ကြည့်ပြီး ဆုံးဖြတ်သွားပါမယ်၊ မနက်ဖြန်ကစပြီး လာမယ့်သောကြာနေ့အတွင်းမှာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာခံယူချက်တွေက ကြီးကြီးမားမား ကွာခြားသွားပါလိမ့်မယ်၊ ဖြစ်နိုင်သမျှ စွမ်းရည်အားလုံးကို ဖြည့်ဆည်းထားဖို့လည်း လိုပါတယ်"

"ရော်နယ်ဒို ဘယ်လိုအခြေအနေရှိလဲ စောင့်ကြည့်ရပါမယ်၊ သူက ဒီတစ်ရာသီလုံးမှာ ကစားပေးခဲ့တဲ့သူတွေထဲက တစ်ဦးပါ၊ ရမ်ဆေးကလည်း အသင်းနဲ့ပြန်ပူးပေါင်းနေပြီဖြစ်ပြီး သူ့အခြေအနေကောင်းရင်တော့ ချန်ပီယံလိဂ်မှာ ဝင်ကစားရဖွယ်ရှိပါတယ်၊ ဒီဘာလာက အသင်းဆေးဝန်ထမ်းတွေနဲ့ရှိနေပါတယ်၊ သူ့အခြေအနေလည်းကောင်းပါတယ်၊ ဒါပေမယ့် သူ ဘယ်တော့လေ့ကျင့်ခန်းဆင်းနိုင်မလဲ ကျွန်တော်မသိဘူး" လို့ ဆာရီက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က