ဒီနေ့ညမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားတော့မှာပါ။
Pyae Phyo Thein

လိုင်ယွန်အသင်းကစားသမားတွေဖြစ်တဲ့ ဒီပိုင်းနဲ့ အီကမ်ဘီတို့ဟာ ဘိုင်ယန်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် အစောပိုင်းမှာ အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့ရတဲ့အပေါ် ရွန်နီက ထောက်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက ပီအက်စ်ဂျီတိုက်စစ်ပိုင်းရဲ့ လျင်မြန်မှု နဲ့ ဘောလုံးကျွမ်းကျင်မှုတွေက ဘိုင်ယန်မြူးနစ်အသင်းရဲ့ high defensive line ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီနေ့မှာ ကစားသွားတော့မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး ရွန်နီက နည်းစနစ်ပိုင်းရှူထောင့်ကနေ သုံးသပ်ခဲ့တာပါ။ 

လိုင်ယွန်အသင်းကစားသမားတွေဖြစ်တဲ့ ဒီပိုင်းနဲ့ အီကမ်ဘီတို့ဟာ ဘိုင်ယန်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် အစောပိုင်းမှာ အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့ရတဲ့အပေါ် ရွန်နီက ထောက်ပြခဲ့ပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်အတွင်း လိုင်ယွန်က အပိုင်အခွင့်အရေး ၂ကြိမ်ခန့်ရရှိခဲ့ပြီး ဘိုင်ယန်ခံစစ်သမားတွေရဲ့ high defensive line ကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ယူဆခဲ့ပြီး ဒီမာရီယာ၊ ဘတ်ပီ နဲ့ နေမာတို့ကတော့ အခွင့်အရေးတွေကို ဖြုန်းတီးမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

"ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က အားသာချက်တွေရှိနေတာမှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ပီအက်စ်ဂျီဖြစ်မယ်လို့ ခံစားနေရတယ်၊ ပယ်နယ်တီအဆုံးအဖြတ်လည်း ခံယူရနိုင်ပြီး နေမာ၊ ဘတ်ပီနဲ့ ဒီမာရီယာတို့က ဘိုင်ယန်ရဲ့ high line တွေကို ကျော်ဖြတ်ဖို့အားထုတ်ပါလိမ့်မယ်၊ သူတို့ အခွင့်အရေးရတာနဲ့ ဂိုးသွင်းနိုင်မှာပါ၊ ဘိုင်ယန်ကလည်း အခွင့်အရေးတွေဖန်တီးလိမ့်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး"

"ဒါပေမယ့် ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်ချိန်မှာ ကစားပုံကောင်းမွန်ပြီးတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် အခွင့်အလမ်းကောင်းတွေရှိလာဖို့ ကောင်းကောင်းကစားနိုင်သူတွေပါ၊ ဒီမာရီယာက ပွဲကို အဆုံးအဖြတ်ပေးသူဖြစ်မှာပါ၊ သူက အံ့အားသင့်စရာကစားသမားပါ၊ သူ့ရဲ့ ဘောလုံးသယ်ယူပုံ၊ ပေးပို့မှုတွေနဲ့ သက်လုံကောင်းကောင်းကစားနိုုင်တာတွေက အံ့မခန်းပါပဲ" လို့ ရွန်နီက The Sunday Times မှာ ရေးသားခဲ့ပါတယ်။ 


ပီအက်စ်ဂျီအတွက်တော့ ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးဗိုလ်လုပွဲဖြစ်ပါတယ်။ ဒီမာရီယာကတော့ ဆီမီးဖိုင်နယ်မှာခြေစွမ်းပြခဲ့သူဖြစ်ပြီး ရီးရဲလ်ကစားသမားဘဝမှာ ၂၀၁၃-၁၄ ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ဖူးပါတယ်။ 


Author


က္က