ဘာစီလိုနာနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူပါ။
Pyae Phyo Thein

ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက်မှာ ဘိုင်ယန်မြူးနစ်အသင်းကြောက်ရွံ့ရမယ့်အသင်းတစ်သင်းမှမရှိတော့ဘူးလို့ သောမတ်စ်မူလာက ပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်က ၈-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မူလာက အသင်းရဲ့ လက်ရှိပုံစံကို တော်တော်လေးကျေနပ်အားရနေတာလည်းဖြစ်ပါတယ်။ 

မူလာက ဘိုင်ယန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၃၁ မိနစ်မှာ နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ကစားဟန်ဟာ ပြိုင်ဘက်အသင်းတွေကိုလည်း လက်တွေ့နဲ့ ဆန့်ကျင်စေခဲ့ပြီး ဘယ်အသင်းကိုမဆို ဖျက်စီးအနိုင်ယူနိုင်စွမ်းရှိနေပြီလို့ ဂျာမနီလက်ရွေးစင်က ဝံ့ကြွားခဲ့ပါတယ်။ 

"အခုလက်ရှိ ကျွန်တော်တို့အသင်းက အကောင်းဆုံးပုံစံကို ပိုင်ဆိုင်နေတာပါ၊ အကောင်းဆုံးကစားသမားဆုအတွက် ကျေးဇူးတင်ပါတယ်၊ တကယ်ဆို ဒီဆုအတွက် ကျွန်တော်တို့အသင်းက ကစားသမား ၁၂ ယောက်ကနေ ၁၅ ယောက်အထိ ထိုက်တန်ခဲ့တာပါ၊ ကျွန်တော်တို့ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့ပြီး ကျွန်တော်တို့ကို အနိုင်ယူဖို့က ခက်ခဲပါတယ်"

"ကျွန်တော်တို့ကစားဟန်က ဘယ်လိုကစားသမားတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ဖိအားပေးခံရတာ၊ ကျော်ဖြတ်ခံနေရတာတွေရှိလည်း ပြသနာမရှိပါဘူး၊ အဲဒီနောက် ကျွန်တော်တို့ ဘောလုံးပြန်ရယူပြီးတော့ တိုက်စစ်ပိုင်းကို အကောင်းဆုံးပြန်စနိုင်ပါတယ်၊ ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်နေပေမယ့်လည်း လောလောဆယ်တော့ စိတ်အေးအေးထားဖို့လိုပါတယ်" လို့ မူလာက BT Sport ကို ပြောဆိုခဲ့ပါတယ်။ 


ဘိုင်ယန်မြူးနစ်ကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဒီနေ့ညကစားမယ့် မန်စီးတီးနဲ့လိုင်ယွန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 


Author


က္က