သြစတြေးလျအေလိဂ်အသင်းကနေ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

သြစတေးလျ အေလိဂ်အသင်းဖြစ်တဲ့ ဝယ်လင်တန်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဆာပရိဆင်းဟာ လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်ဒုတိယအသင်းအတွက် ကစားပေးမှာဖြစ်ပြီး ဘိုင်ယန်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆာပရိဆင်းကို နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့မှာ အိန္ဒိယနိုင်ငံသား မိဘနှစ်ဦးကနေ မွေးဖွားခဲ့တာဖြစ်ပြီး နယူးဇီလန် လက်ရွေးစင်အသင်းအတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။



ဆာပရိဆင်းဟာ ကနဦးမှာတော့ ဘိုင်ယန်မြူးနစ် ဒုတိယအသင်းအတွက်သာ ကစားပေးရမှာဖြစ်ပေမယ့် ၎င်းရဲ့ခြေစွမ်းတိုးတက်မှုအပေါ်မူတည်ပြီး ပထမအသင်းကို အနှေးနဲ့အမြန် တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆာပရိဆင်းဟာ ဝယ်လင်တန်ဖီးနစ်အသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဥရောပမှာ ၎င်းရဲ့ခြေစွမ်းကို သက်သေပြသနိုင်မယ့်အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်ပါတယ်။

ဆာပရိဆင်းဟာ ဝယ်လန်တန်ဖီးနစ်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းကမှ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

ဝယ်လင်တန်ဖီးနစ်အသင်းဟာ ဆာပရိဆင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြခဲ့ပေမယ့် နယူးဇီလန်ဘောလုံးသမားတစ်ဦးအနေနဲ့ အကြီးမားဆုံးအပြောင်းအရွှေ့ဖြစ်ကြောင်း အငြင်းပွားစရာမလိုတဲ့ ပမာဏဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က