ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။
Pyae Phyo Thein

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်ကို တရားဝင်ရောက်ရှိခဲ့ပြီဖြစ်ပြိး ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမားဆာနေးက သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲပြီးဆုံးတဲ့အထိ မန်စီးတီးမှာ ဆက်နေဖို့ ဘယ်လိုအကြောင်းရင်းမှမရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်ကို တရားဝင်ရောက်ရှိခဲ့ပြီဖြစ်ပြိး ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ဆာနေးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားခွင့်ရရှိမှာမဟုတ်ဘဲ မန်စီးတီးကနေ ပြောင်းရွှေ့လာခဲ့တဲ့အပေါ် ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မန်စီးတီးအသင်း ဆုဖလားရရှိခဲ့မယ်ဆိုရင်လည်း သူ့အတွက်တော့ ပျော်ရွှင်စေမှာဖြစ်တယ်လို့ ဆာနေးက ပြောဆိုခဲ့ကြောင်း The Telegraph က ဖော်ပြခဲ့ပါတယ်။ 

"ဆွေးနွေးမှုတွေ ပိုပြီးတော့လုပ်ပြီးတဲ့နောက် ပြောင်းရွှေ့ဖြစ်တော့မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်၊ ဘိုင်ယန်နဲ့စကားပြောနေပြီလို့ ကျွန်တော်ပြောခဲ့ပြီးသားပါ၊ အတတ်နိုင်ဆုံး အမြန်ပြောင်းရွှေ့တာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်၊ တကယ်လို့ ချန်ပီယံလိဂ်ပွဲပြီးမှ သွားမယ်ဆိုရင် အကြာကြီးစောင့်နေရဥိးမှာပါ၊ ပြီးတော့ ရာသီသစ်အတွက် ပြင်ဆင်ချိန်က နည်းနည်းပဲရပါလိမ့်မယ်"

"ဒါကြောင့် စောစောပြောင်းရွှေ့ပြီး ရာသီသစ်အတွက် ပြင်ဆင်မှုတွေကောင်းကောင်းလုပ်နိုင်ဖို့ ကျွန်တော်ရွေးချယ်ခဲ့တာပါ၊ ချန်ပီယံလိဂ်ပြီးမှ ပြောင်းရွှေ့မယ်ဆိုတာက မဖြစ်နိုင်ခဲ့ပါဘူး၊ တကယ်လို့ စီးတီးက ဆုဖလားရခဲ့မယ်ဆိုရင်လည်း အသင်းအတွက်၊ ကျွန်တော့်သူငယ်ချင်းတွေအတွက် ပျော်ရွှင်မိပါတယ်၊ ဒါပေမယ့် အဲဒါက ကျွန်တော်လိုချင်ခဲ့တဲ့အရာပါ၊ တကယ်ပဲ အဲလိုဖြစ်လာမယ်ဆိုရင်လည်း ကျွန်တော်ဆုံးဖြတ်ခဲ့တာဖြစ်လို့ ဘာမှမဖြစ်ဘူးလို့ ကျွန်တော်တွေးထားပြီးသားပါ" လို့ ဆာနေးက ပြောဆိုခဲ့ပါတယ်။ 

ဆာနေးကတော့ မန်စီးတီးမှာ ငါးရာသီကြာကစားခဲ့ပြီး အသင်းရဲ့ စာချုပ်သစ်ကမ်းလှမး်မှုကို ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ ဒီတစ်ရာသီလုံးမှာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ပြန်လည်သက်သာလာချိန်မှာလည်း ပုံမှန်နေရာရရှိဖို့က မလွယ်ကူတာကြောင့် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 


Author


က္က