ဥရောပအသင်းကြီးတွေအားလုံး လစာငွေလျော့ယူကြဖို့ တောင်းဆိုနေကြတာပါ။

ဆွစ်ဇာလန်ကလပ်ဆီယွန်အသင်းအနေနဲ့ အဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့ အဲလက်စ်ဆောင်းနဲ့ဒီဂျရူးတို့နှစ်ဦး ကို လစာငွေလျော့ယူဖို့တောင်းဆိုခဲ့ပါသေးတယ်။

ဆီယွန်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အဲလက်စ်ဆောင်းအနေနဲ့ အသင်းကနေရုတ်တရက်ထုတ်ပယ် ခံရခြင်းအတွက် အသင်းတာဝန်ရှိသူတွေကို ဖီဖာထံတိုင်ကြားမှုများပြုလုပ်ခဲ့ပြီးနောက် တရားရင်ဆိုင်မှုတွေပြုလု ပ်ဖို့ စီစဉ်နေခဲ့ပြီဖြစ်တယ်လို့ independent.co.uk ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပွဲစဉ်များရွှေ့ဆိုင်းခဲ့ရခြင်းနဲ့အတူ ဘဏ္ဍာရေးအခက်အခဲများရှိလာခဲ့တဲ့ဆွစ်ဇာ လန်ကလပ်ဆီယွန်အသင်းအနေနဲ့ အဓိက,ကစားသမားတွေကို လစာငွေလျော့ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက် ခံခြင်းမရှိိတဲ့ ကစားသမားတွေကို တစ်ဖက်သပ်စာချုပ်ဖျက်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။



“ ရှေ့နေတွေနဲ့အတူ စတင်လုပ်ဆောင်နေပါပြီ။ မှန်ကန်တဲ့အခြေအနေ၊ ရသင့်ရထိုက်တဲ့အခြေအနေတွေအတွ က် တရားဥပဒေအတိုင်းရင်ဆိုင်သွားမှာပါ။ ညှိနှိုင်းခဲ့ခြင်းမရှိသလို Whatapps ကနေ ရရှိခဲ့တဲ့ မက်ဆေ့ချ်တစ်ခု တည်းနဲ့ အတည်ယူလို့မရပါဘူး။ တကယ်ကိုလေးစားမှုမရှိတဲ့ လုပ်ရပ်ပါ” လို့ အဲလက်စ်ဆောင်းက ထုတ်ဖော် ပြောဆိုလိုက်တာပါ။

အစောပိုင်းသတင်းထုတ်ပြန်ချက်တွင် ဆီယွန်အသင်းတာဝန်ရှိသူတွေအနေနဲ့ ကစားသမားတိုင်းကို ခေါ်ယူဆွေး နွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ ပြီးသဘောမတူခဲ့တဲ့အဲလက်စ်ဆောင်းနဲ့ဒီဂျရူးတို့နှစ်ဦးကအသင်းကနေထွက်ခွာခွင့် ပေး ခဲ့တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ကွဲလွဲမှုအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်စူပါလိဂ်အနေနဲ့ ပွဲစဉ် ၂၃ပြီးကတည်းက ရပ်နားထားခဲ့ရတာဖြစ်ပြီး ကွင်းဝင်ကြေး၊ ရုပ်သံလွှင့်ခများရ ရှိခြင်းမရှိတဲ့အတွက် အသင်းအတွက်ပေးချေနေရတဲ့ လစာငွေအများအပေါ် ထိန်းချုပ်ရန်ပြင်ဆင်ခဲ့တာဖြစ်ပြီးက စားသမားအများစုကတော့ လစာငွေလျော့ယူရန်သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က