ဇလာတန်ကိုခေါ်ယူနိုင်ဖို့က ခက်ခဲနေတယ်လို့ အသင်းပိုင်ရှင်က ဝန်ခံခဲ့ပါတယ်။
Pyae Phyo Thein

ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက်မှာ လိဒ်ယူနိုက်တက်က ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်တော့မှာလည်းဖြစ်ပါတယ်။


လိဒ်ယူနိုက်တက်အသင်းရဲ့ပိုင်ရှင်အန်ဒီရာဒရီဇန်နီက ဇလာတန်အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့အတွက်က ခက်ခဲလွန်းတယ်လို့ ပြောဆိုလိုက်ပြီး သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာ တုံ့ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာဗာနီကို ခေါ်ယူနိုင်ဖို့အတွက်တော့ ကြိုးစားကြည့်မယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက်မှာ လိဒ်ယူနိုက်တက်က ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်တော့မှာလည်းဖြစ်ပါတယ်။ ဒီအတွက် အေစီမီလန်မှာ အနာဂတ်မသေချာတော့တဲ့ ဇလာတန်ကို ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့သလို ကာဗာနီအတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ 

အသက် ၃၈ နှစ်အရွယ် ဇလာတန်ကလည်း သူ့ရဲ့အနာဂတ်ဟာ အေစီမီလန်မှာ ဆက်ရှိနေဖို့ မသေချာဘူးလို့ ဝန်ခံထားသူဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ အသင်းကိုအင်အားဖြည့်တင်းစေချင်နေပြီး အသင်းပိုင်ရှင်ကိုယ်တိုင်ကလည်း အဆိုပါအချက်ကို သဘောတူညီခဲ့ပါတယ်။

"အီဘရာဟီမိုဗစ်ကို ခေါ်ယူနိုင်ဖို့က တကယ်ခက်ခဲပါတယ်၊ သူ့ကို ဇန်နဝါရီတုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူက မီလန်ကိုရွေးချယ်သွားခဲ့ပါတယ်၊ အခုတော့ နောက်ကျသွားခဲ့ပြီလို့ ကျွန်တော်ထင်တယ်၊ အင်္ဂလန်ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံက ကွဲပြားသွားခဲ့ပါပြီ" လို့ လိဒ်အသင်းပိုင်ရှင်က ပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ကာဗာနီနဲ့ပတ်သက်ပြီးတော့ ရာဒရီဇန်နီက "သူ့ရဲ့အရည်အသွေးအပြင် ရုပ်ပိုင်းဆိုင်ရာက ဒီမှာ အဆင်ပြေနိုင်ပါတယ်၊ ဒါပေမယ့် သူ့အကြောင်းကိုတော့ နည်းပြနဲ့မဆွေးနွေးရသေးပါဘူး၊ သူ့ကိုခေါ်ယူဖို့တော့ စဉ်းစားထားပါတယ်၊ စောင့်ကြည့်တာကေပါ့၊ သူ့ကို အလွတ်ခေါ်ယူနိုင်ဆဲဖြစ်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က