ကာတာကို၂-၀ နဲ့ အနိုင်ယူအပြီး ကွာတားကို တက်ခဲ့တာပါ။

အုပ်စုတွင်း ၂ပွဲကစားပြီးချိန်ထိ အာဂျင်တီးနားဟာ နောက်တဆင့်ကို မတက်သေးပဲ ကာတာကို အနိုင်ရရင်တောင် ပါရာဂွေးအသင်းက ကိုလံဘီယာကို အနိုင်မကစားနိုင်မှ ဖြစ်မှာမို့ အခွင့်အရေး နည်းပါးနေတဲ့အထဲက နောက်တဆင့်ကို တက်လာတာပါ။

အာဂျင်တီးနားအသင်းဟာ ဒီမနက်က ကာတာအသင်းကို ၂-၀ နဲ့ အနိုင်ရပြီး ကိုပါအမေရိက ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။



ပထမ အုပ်စု ၂ ပွဲမှာ တစ်ပွဲသရေတစ်ပွဲ ရှုံးထားတာကြောင့် နောက်တဆင့်တက်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားအသင်းအနေနဲ့ ကာတာကို မဖြစ်မနေ အနိုုင်ကစားဖို့ လိုအပ်ခဲ့တာပါ။

ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းဟာ ကာတာကို အနိုင်ကစားနိုင်သလို တဖက်မှာလည်း ကိုလံဘီယာက ပါရာဂွေးကို ၁-ဝနဲ့ နိုင်လိုက်လို့ အာဂျင်တီးနားအသင်း နောက်တဆင့်ကို အုပ်စု ဒုတိယနဲ့ တက်ခဲ့ပါတယ်။

ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ကစားဖော်တွေကို တိုက်တွန်းခဲ့ပြီး အုပ်စုတွင်း အဖြစ်အပျက်တွေကို မေ့ပစ်ဖို့လည်း အသိပေးခဲ့ပါတယ်။

“ အခု အခြားကိုပါပြိုင်ပွဲတစ်ခုထဲ ရောက်သွားပါပြီ၊ ယုံကြည်မှု ရှိရှိနဲ့ အနိုင်ရဖို့ လိုပါတယ်၊ တာဝန်သိစိတ်အပြည့်နဲ့ နိုင်ပွဲရှာရပါမယ်။ဒါပေမယ့် အခု မတူညီတဲ့ အဆင့်တစ်ခုကို ရောက်နေပါပြီ၊ အုပ်စုပွဲ တွေနဲ့ မတူတော့ပါဘူး။ ကျွန်တော်တို့အားလုံးဘာလုပ်ရမလဲသိပါတယ်၊ ကာတာနဲ့ပွဲမှာလည်းဘာမှ ထူးထူးထွေထွေ ခံစားရတာ မရှိခဲ့ပါဘူး။” လို့ မက်ဆီက သတင်းထောက်ကို ပြောခဲ့တာပါ။

မက်ဆီရဲ့ အာဂျင်တီးနားကတော့ ကွာတားဖိုင်နယ်မှာ ဗင်နီဇွဲလားအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လာမယ့် သောကြာနေ့မှာ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ



က္က