ယူရိုပါလိဂ်ကွာတားပွဲစဉ်မတိုင်ခင် ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

မာရှယ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။


အန်သိုနီမာရှယ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ကာယပိုင်းအကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီလို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ချီးကျူးပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ ပြင်သစ်တိုက်စစ်မှူးရဲ့ ကာယပိုင်းအားထုတ်မှုအပေါ်မှာ ဆိုးလ်ရှားက အသိအမှတ်ပြုခဲ့ပြီး တိုးတက်မှုတွေရှိလာဦးမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မာရှယ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ LASK နဲ့ ပွဲမှာလည်း အနိုင်ဂိုးကို လူစားဝင်လာချိန်မှာ သွင်းယူပေးခဲ့ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကိုလည်း တက်ရောက်နိုင်စေဖို့ ကူညီပေးခဲ့ပါတယ်။

ဂျာမနီနို်င်ငံ၊ ကိုလုံးမှာ ကစားသွားမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက "ကာယပိုင်းအရ သူ့ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးအဆင့်ကိုရောက်ရှိနေပါပြီ၊ ထူးချွန်ပြောင်မြောက်မှုတွေကို သူလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိထားပေမယ့် ကျွန်တော်ကတော့ သူ ရိုးရိုးရှင်းရှင်းနဲ့ ဂိုးတွေသွင်းပြနေတာကို ပိုနှစ်သက်ပါတယ်"

"သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ သန်မာဖို့အတွက် အားကစားခန်းမမှာ သူ တော်တော်လေးအားထုတ်ခဲ့ပါတယ်၊ သူ တိုးတက်လာဦးမယ်ဆိုတာ ကျွန်တော်မြင်ယောင်နေပါတယ်၊ သူ့ဆီကနေ ပိုကောင်းတဲ့အရာတွေကို ရရှိဦးမှာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဂျာမနီကို မနေ့က ရောက်ရှိခဲ့ကာ ကွာတားဖိုင်နယ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

မနက်ဖြန်နံနက်မှာ ကိုပင်ဟေဂင်နဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ဗိုလ်စွဲမယ့်အသင်းအဖြစ်နဲ့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။ "ချန်ပီယံလိဂ်မကစားခဲ့ရတဲ့အတွက် ဘရန်ဒန်ဝီလီယမ်၊ ဂရင်းဝုဒ်တို့ကို ကျွန်တော်တို့ အသုံးပြုဖို့ အခွင့်အရေးရခဲ့ပြီး အခုဆိုရင် ဒီကစားသမားတွေက သူတို့ရဲ့ ကစားသမားဘဝအစကို အကောင်းဆုံးစတင်နေနိုင်ကြပါပြီ၊ ဒါ ယူရိုပါလိဂ်ကစားရတဲ့ အကျိုးကျေးဇူးပါပဲ" လို့လည်း ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ 


Author


က္က