၅နှစ်ချေး‌ငွေကာလနဲ့ပါ။

စပိန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က နောက်ဆုံးရ သတင်းအရ သေဆုံးသူ ၇၃၈ဦးကနေ ၃၄၃၄ ဦးရေထိ မြင့်တက်နေခဲ့ပါပြီ။

ဘောလုံးပွဲများ မကစားနိုင်တဲ့ ကာလအတွင်းမှာ ကလပ်အသင်းအချို့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ရုပ်သံကြေး လုံးဝမရတဲ့ အတွက် လစာငွေ မပေးချေနိုင်တဲ့ ကလပ်တွေကို စပိန်ဘောလုံးအဖွဲ့ချုပ်က ကာလလတ်ချေးငွေတစ်ခု ထုတ်ချေးဖို့ လုပ်ဆောင်နေတယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



အခုချေးငွေကိုတော့ ၅နှစ်တာကာလအထိ ပြန်လည်ပေးချေနိုင်ဖို့ စောင့်ဆိုင်းပေးသွားမှာ ဖြစ်ပြီး ပ‌ရော်ဖက်ရှင်နယ် ကလပ်မဟုတ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး အသင်းတွေကိုလည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ယူရို ၄သန်းစီ ချေးပေး သွားအုံးမှာလို့ သိရပါတယ်။

“ကျွန်တော်တို့ အခက်အခဲဖြစ်နေတဲ့စပိန်ကလပ်တွေနဲ့ တွေ့ဆုံစကားပြောသွားမှာပါ၊ကျွန်တော့် သတင်းစကားက စည်းလုံးမှု။မျှော်လင့်ခြင်း၊လေးစားလိုက်နာမှုကိုဆိုလိုပါတယ်၊ကျွန်တာ်တို့အားလုံး ပူးပေါင်းပြီး ဗိုင်းရပ်စ်ကို တိုက် ထုတ်ကြပါမယ်။”လို့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌလူးဝစ်ရူဘီယာလက်စ်က ပြောလာပါတယ်။

စပိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဗုဒ္ဓဟူးနေ့ နောက်ဆုံးရသတင်းအရ သေဆုံးသူစာရင်းမှာ စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ပိုမိုမြင့်တက်ခဲ့ပြီး မူလ ၇၃၈ဦးကနေ ၃၄၃၄ဦးထိ မြင့်တက်လာခဲ့တယ်လို့ သိရ ပါတယ်။

ဒီအချိန်မှာတော့ စပိန်ဘောလုံအးဖွဲ့ချုပ်က နိုင်ငံ့လက်ရွေးစင်အသင်း ထားရှိရာဟိုတယ်နှင့် ဟိုတယ်ဝန်ထမ်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ဆေးဝါးကျွမ်းကျင်ပညာရှင်တွေကို နိုင်ငံတော်ရဲ့ ကျန်းမာရေး လုပ်ငန်းစက်တွေမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါသေးတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က