ရော်နယ်ဒိုကတော့ သူနဲ့ သူ့မိသားစုလုံခြုံရေးအတွက် သက်တော်စောင့် သုံးဦးထပ်တောင်းထားပါတယ်။
Wai Lin Kyaw

အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့ပြီးနောက်ပိုင်း အီတလီမှာသူ့မိသားစုလုံခြုံရေးအတွက် သက်တော်စောင့်အင်အားထပ်ပြီးတိုးချဲ့ပေးဖို့ ရော်နယ်ဒိုက အသင်းကို တောင်းဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေအဖွင့်သုံးပွဲမှာ လက်ရှိအချိန်အထိ ဂိုးမသွင်းယူနိုင်သေးတဲ့အတွက် အသင်းပရိသတ်တွေရော တစ်ကမ္ဘာလုံးက ပရိသတ်တွေကပါ စောင့်ကြည့်ခြင်းခံနေရပါတယ်။



Cristiano-Ronaldo-arriving-in-Japan.png 

စီးရီးအေမှာ လက်ရှိအချိန်အထိ ဂိုးမသွင်းယူနိုင်သေးတဲ့ ရော်နယ်ဒိုဟာ ပရိသတ်တွေရဲ့ရန်ပြုတိုက်ခိုက်မှုမျိုး ကြုံတွေ့လာနိုင်မှာကို စိုးရိမ်နေပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုနဲ့သူ့မိသားစုဟာ ဂျုဗင်တပ်အသင်း အခြေစိုက်ရာ တူရင်မှာနေထိုင်နေပြီး အသင်းက သက်တော်စောင့်ငှားရမ်းပေးထားပါတယ်။

ရော်နယ်ဒိုရဲ့ စွမ်းရည်အပေါ် အသိအမှတ်ပြုခဲ့တဲ့ မက်ဆီ 

ဒါပေမယ့် ရော်နယ်ဒိုကတော့ လက်ရှိ လုံခြုံရေးအင်အားကို မလုံလောက်မှာစိုးရိမ်နေပြီး အင်အားထပ်ဖြည့်ပေးဖို့ တောင်းဆိုလိုက်တာပါ။ ရော်နယ်ဒိုနဲ့သူ့မိသားစုဟာ လက်ရှိအချိန်အထိ တူရင်မြို့ထဲမှာ လည်ပတ်သွားလာခြင်း မရှိသေးပဲ အားလပ်ရက်အချို့မှာ ပြည်ပနိုင်ငံတွေကိုသာ လည်ပတ်သွားလာနေပါတယ်။ ဒီအပြုအမူက အီတလီနိုင်ငံမှာ သူနဲ့သူ့မိသားစု လုံခြုံရေးအတွက် စိုးရိမ်နေတာကြောင့်လို့ အီတလီမီဒီယာတစ်ချို့ကလည်း သုံးသပ်ဖော်ပြနေကြပါတယ်။

 

ရော်နယ်ဒိုနဲ့သူ့မိသားစုဟာ တူရင်မြို့က ဂရန်မာဒီဥယျာဉ်အိမ်ယာမှာ ယာယီနေထိုင်နေပြီး စိတ်ကြိုက်အိမ်တစ်လုံးရဖို့ရှာဖွေနေပါတယ်။ အသက် ၃၃နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၂၈သန်းအထိရရှိမှာဖြစ်ပြီး ဒီလစာက စီးရီးအေမှာ အမြင့်ဆုံးလုပ်ခလစာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သူနဲ့ သူ့မိသားစုလုံခြုံရေးအတွက် သက်တော်စောင့် သုံးဦးထပ်တောင်းထားပါတယ်။ တစ်ဦးက သူ့အတွက်၊ တစ်ဦးက သူ့မိသားစုအတွက်နဲ့ နောက်တစ်ဦးကတော့ သူတို့နေထိုင်တဲ့ နေအိမ်ကိုစောင့်ကြည့်ပေးဖို့ပါ။

 

ဂျုဗင်တပ်အသင်းကတော့ ရော်နယ်ဒိုရဲ့တောင်းဆိုမှုကို လိုလျောဖို့စီစဉ်နေပြီး စိတ်ချရတဲ့ သက်တော်စောင့်တွေ ရှာဖွေနေတယ်လို့လည်း အတွင်းသတင်းတွေအရသိရပါတယ်။ ဂျုဗင်တပ်အသင်းဟာ ရော်နယ်ဒိုကိုသာ စာချုပ်ခေါ်ယူခဲ့တာမဟုတ်မဟုတ်ပဲ သူ့သားကိုလည်း ဂျုဗင်တပ်ယူ-၉အသင်းအတွက် ခေါ်ယူထားပါတယ်။ ရော်နယ်ဒိုရဲ့သွင်းဂိုးတွေကို ရှေ့ဆက်ပြီး မမြင်ရသေးရင်တော့ သူစိုးရိမ်သလို တိုက်ခိုင်မှုတွေကြုံတွေ့ရလာမှာလားဆိုတာကတော့ ဘယ်သူမှမသိနိုင်တဲ့ ကိစ္စရပ်မျိုးပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က