လူကာကူရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချယ်လ်ဆီးတို့ အနိုင်ရခဲ့တာပါ။

တူချယ်လ်ရဲ့အသင်းက ခံစစ်ပိုင်းတော်တော်လေးကောင်းမွန်နေပြီး အသင်းလိုက်ကစားပုံကလည်း အားရစရာကောင်းအောင်ကို စုစည်းမိနေတာကို တွေ့ခဲ့ရပါတယ်။


ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ဇင်းနစ်နဲ့အကြိ်တ်အနယ်ကစားခဲ့ပြီး လူကာကူရဲ့ နောက်ကျခေါင်းတိုက်ဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲက တော်တော်လေးကြည့်ကောင်းခဲ့ပြိး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အသက်ဝင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ ချယ်လ်ဆီးသာလွန်ခဲ့ပေမယ့် ဇင်းနစ်ရဲ့ လျင်မြန်တဲ့ကစားဟန်က သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး လူကာကူသာ မကယ်တင်ရင် အိမ်ကွင်းမှာ သရေနဲ့သာ ချယ်လ်ဆီးတို့ ကျေနပ်ခဲ့ရမှာဖြစ်ပါတယ်။ 

တူချယ်လ်ရဲ့အသင်းက ခံစစ်ပိုင်းတော်တော်လေးကောင်းမွန်နေပြီး အသင်းလိုက်ကစားပုံကလည်း အားရစရာကောင်းအောင်ကို စုစည်းမိနေတာကို တွေ့ခဲ့ရပါတယ်။ နေရာစုံကနေ ချယ်လ်ဆီးက ထိုးဖောက်ကစားနိုင်ပြီး ဇင်းနစ်ခံစစ်ပိုင်းသာ မာမာထန်ထန်မတုံ့ပြန်နိုင်ခဲ့ရင် ဂိုးပြတ်နိုင်ပွဲရယူနိုင်မယ့် အနေအထားမှာရှိနေခဲ့ပါတယ်။ ဇင်းနစ်ရဲ့ တန်ပြန်တိုက်စစ်ကစားပုံတွေကိုလည်း ချယ်လ်ဆီးတို့ တော်တော်လေးထိန်းသိမ်းယူခဲ့ရပါတယ်။ 

အခြားပွဲကြီးတစ်ခုမှာတော့ ဘိုင်ယန်က အဝေးကွင်းမှာ ဘာစီလိုနာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဥရောပအဆင့်မှာ ဘာစီလိုနာခေါင်းထောင်လို့မရတော့ဘူးဆိုတာကို ထင်ရှားစေခဲ့တဲ့ပွဲဖြစ်ပြီး အိမ်ကွင်းမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။ မူလာ၊ လီဝန်ဒေါစကီးက ၂ဂိုးသွင်းယူခဲ့ပြီး ရော်နယ်ကိုးမန်းတစ်ယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်ကတော့ အသင်းကြီးတစ်သင်းရဲ့ ပုံစံကို အပြည့်အဝပြသပြိး အဖွင့်လှခဲ့ပါတယ်။ 


ရော်နယ်ဒိုမရှိတော့လို့ စီးရီးအေမှာ အခက်တွေ့နေတဲ့ ဂျူဗီကလည်း မယ်လ်မိုကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဆန်ဒရို၊ ဒီဘာလာ၊ မိုရာတာတို့ရဲ့သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။ အယ်လီဂရီအတွက် ဖိအားတွေအနည်းငယ်လျော့သွားခဲ့ပြီး ဆွီဒင်မြေမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အခြားပွဲတွေမှာတော့ ဗီလာရီးရဲလ်နဲ့ အတ္တလန္တာက ၂-၂၊ လိုင်လီနဲ့ ဝုလ်ဘတ်က ၀-၀-၊ ဆီဗီလာ နဲ့ ဆဲလ်ဘတ် ၁-၁၊ ဒိုင်နမိုကိဗ်နဲ့ ဘင်ဖီကာ ၀-၀ ဖြစ်ခဲ့ကြပါတယ်။ 



က္က