loading...

loading...

loading...

မက်ဆီက အနိုင်ဂိုး(၂)ဂိုးသွင်းယူခဲ့တာပါ။
Pyae Phyo Thein

ဘာစီလိုနာအသင်းခေါင်းဆောင်က ပထမပိုင်းမှာ (၂)ဂိုးသွင်းယူပြီး ကော်တင်ဟိုက ဒုတိယပိုင်းမှာ တစ်ဂိုးထပ်သွင်းကာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက သူတို့အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တယ်လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင်က ပထမပိုင်းမှာ (၂)ဂိုးသွင်းယူပြီး ကော်တင်ဟိုက ဒုတိယပိုင်းမှာ တစ်ဂိုးထပ်သွင်းကာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီက သူတို့အသင်းအနေနဲ့ ပွဲအစပိုင်းမှာ အထလေးနေခဲ့မှုကို သတိပေးပြောဆိုသွားခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ပေါ်တို ဒါမှမဟုတ် လီဗာပူးလ်တို့နဲ့ ကစားရတဲ့အခါမှာ အထလေးမှုကြောင့် ဂိုးပေးရမယ့် အနေအထားမျိုး ဖြစ်သွားနိုင်တယ်လို့ အသင်းဖော်တွေကို သတိပေးခဲ့ပြီး ပြင်ဆင်ပြောင်းလဲဖို့ ပြောဆိုခဲ့ပါတယ်။

Spanish TV နဲ့ တွေ့ဆုံပြောဆိုခဲ့မှုမှာ "ခမ်းနားကြီးကျယ်တဲ့ နိုင်ပွဲတစ်ပွဲပါပဲ၊ ပွဲအစပိုင်းမှာ ကစားပုံက နည်းနည်းသွေးအေးနေခဲ့ပြီး ကြောက်စိတ်တွေလည်း ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီနောက်မှာ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီးတော့ လက်ဖျားခါလောက်စရာ ကစားပုံမျိုးနဲ့ ကစားနိုင်ခဲ့ပါတယ်" လို့ မက်ဆီက ပြောခဲ့ပါတယ်။

"ဒုတိယဂိုးကတော့ ကံနည်းနည်းကောင်းခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် ရှေ့ကိုတစ်ဆင့်လှမ်းနိုင်ခဲ့ပါတယ်၊ ချန်ပီယံလိဂ်လိုပွဲမျိုးမှာ ဒီနေ့ပွဲလိုမျိုး အထနှေးလို့မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်၊ (၁၀)မိနစ်လောက် ကစားပုံဆိုးရွားလိုက်တာနဲ့ အားလုံးကို ပေးဆပ်သွားရနိုင်ပါတယ်"

"ဆီမီးဖိုင်နယ်မှာ ပေါ်တိုဖြစ်ဖြစ်၊ လီဗာပူးလ်ဖြစ်ဖြစ် ကျွန်တော်တို့အတွက် ခက်ခဲမှာပါ၊ အေဂျက်ဇ်က ဂျူဗင်တပ်စ်ကို အနိုင်ယူခဲ့တာကို ကြည့်မယ်ဆိုရင် ဒီပြိုင်ပွဲက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ သိသာပါတယ်" လို့ မက်ဆီက ပြောသွားခဲ့ပါတယ်။ မက်ဆီကတော့ ယူနိုက်တက်နဲ့ပွဲမှာ တစ်ပွဲလုံးကို အကောင်းဆုံးကစားသွားခဲ့ပြီး အခွင့်အရေးအများအပြားကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

"ကျွန်တော်တို့က ဘယ်သူတွေလဲဆိုတာကို ပြသနိုင်တာပါပဲ၊ ပထမဂိုးဆိုရင်လည်း ကျွန်တော် ကံကောင်းခဲ့ပါတယ်၊ ဘောလုံးနဲ့အတူ အတွင်းကို ဆွဲဝင်လာခဲ့ပြီးတော့ ကန်သွင်းယူဖို့ကြိုးစားခဲ့တာပါ၊ ဒုတိယပိုင်းမှာ ကံနည်းနည်းကောင်းဖို့ လိုခဲ့ပါတယ်၊ အရေးကြီးတာကတော့ ကျွန်တော်တို့ပန်းတိုင်ကို ရောက်ဖို့ပါပဲ၊ အခုဆိုရင် ဆုဖလားနဲ့ နီးကပ်စေမယ့် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပါတယ်" လို့ မက်ဆီက ပြောသွားခဲ့တာကို Daily Mail က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က