၃ ဂိုးသွင်း တစ်ဂိုးဖန်တီး‌‌ပေးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုအတွက် ပထမဆုံး စီးရီးအေ ဟက်ထရစ်ဖြစ်လာခဲ့ပြီး အလက်ဆစ် ဆန်းချက်ပြီးရင် လာလီဂါ၊ပရီးမီး ယားလိဂ်နဲ့စီးရီးအေ ၃ ခုလုံးမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပါပြီ။

ဂျူဗင်တပ်အသင်းနဲ့ ကယ်ဂလီယာရီအသင်းတို့ရဲ့ စီးရီးအေ ပွဲမှာတော့ ဂျူဗင်တပ်အသင်းက အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ ကယ်ဂလီယာရီကို ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။



နိုင်ပွဲကြောင့် ဂျူဗင်တပ်အသင်းဟာ ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင် ထားနိုင်ဆဲ ဖြစ်ပါတယ်။

အခုပွဲမှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်ကလည်း ၂၀၂၀ နှစ်သစ်မှာပထမဆုံး သွင်းယူနိုင်တဲ့ဂိုးတွေလည်း ဖြစ်လာခဲ့ပါတယ်။

ပွဲကစားချိန် ၄၉ မိနစ်မှာ တစ်ဖက်နောက်တန်း အမှားတွေကတဆင့် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ၆၇ မိနစ်အ ရောက်မှာလည်း ပင်နယ်တီကတဆင့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

တတိယဂိုးကိုတော့ တိုက်စစ်မှူး ဟီဂူအင်က ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို ကတော့သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးကိုတော့၈၂ မိနစ်မှာ ကော်စတာရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့၂၀၂၀ ခုနှစ်ရဲ့ ၆ ရက်မြောက်နေ့မှာပဲ ပထမဆုံးသွင်းဂိုးတွေ ရရှိခဲ့သလို ပထမဆုံးသော ဟက်ထရစ်ကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။

ဒါ့အပြင် ဂျူဗင်တပ်အသင်းအတွက် ပထမဆုံး စီးရီးအေဟက်ထရစ်လည်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံး လိဂ် ဟက်ထရစ် သွင်းယူထားနိုင်တာက ၂၀၁၈ မတ်လ ၁၈ ရက်နေ့က ရီးရဲနဲ့အတူ ဂျီရိုနာကို ၆-၃ နဲ့ နိုင်တဲ့ ပွဲမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က