ပေါင်သန်း ၃၀နဲ့ အရောင်းစာရင်း တင်လိုက်ပါပြီ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းဟာ မလိုအပ်တဲ့ နေရာတွေမှာပိုနေတဲ့ ဝန်ထမ်းတွေလျော့ချပြီး ကျန်ရှိဝန်ထမ်းတွေထဲက ၅၅ဦးကို ရာထူးတိုးခန့်အပ်ခဲ့သလို တပြိုင်နက်တည်းမှာပဲ အသင်းရဲ့ အသုံးစရိတ်တွေကိုပါ လျော့ချပစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ညာနောက်ခံလူ မိတ်လန်းနိုင်းစ်ကို ပေါင် သန်း ၃၀နဲ့ အ‌ရောင်းစျေးကွက် တင် လိုက်ပြီ ဖြစ်ပြီး ညာနောက်ခံရော ကွင်းလယ်ရော ကစားနိုင်တဲ့ ၎င်းကို ဘရိုက်တန်အသင်းက ခေါ်ယူလိုနေ တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

မိတ်လန်းနိုင်းစ်နဲ့အာဆင်နယ်အသင်းကြားချုပ်ဆိုထားတဲ့စာချုပ်အရ နောက်ထပ် ၃နှစ်လောက်ကျန်ရှိနေသေးသလို နည်းပြ အာတီတာရဲ့ လက်အောက်မှာလည်း ပထမဦးစားပေး ကစားသမား ဖြစ်လာနိုင်သူအဖြစ် ရှိနေသူပါ။

ဒါပေမယ့်လည်း ကိုဗစ်ကာလမှာ စီးပွားရိုက်ချက်တွေက အာဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးကိုလည်း ထိခိုက်ခဲ့တာ ကြောင့် အာဆင်နယ်အသင်းဟာ အသင်းမှာရှိတဲ့ ဝန်ထမ်း ၅၅ဦးကို ရာထူးတိုးပေးဖို့ လုပ်ဆောင်ဖို့ရှိနေပါတယ်။

ကိုဗစ်ကာလအတွင်း မလိုအပ်တဲ့ လုပ်ငန်းနေရာတွေမှာ ဝန်ထမ်းအင်အားဖောင်းပွဲနေမှုကို လျော့ချခဲ့သလို ကျန်ရှိ ဝန်ထမ်းတွေထဲက ဝန်ထမ်း ၅၅ဦးကိုလည်း သက်ဆိုင်ရာ လုပ်ငန်းအလိုက် ရာထူးတိုးပေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ အသင်းရဲ့ ကုန်ကျစရိတ်တွေကို တတ်နိုင်သမျှ လျော့နိုင်ဖို့နဲ့ ကုန်ကျစရိတ် ပြန်လည်ကာမိဖို့အတွက် ဝင်ငွေ ပြန်ရှာတဲ့အနေနဲ့ ကစားသမားရောင်းချမှုကို စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး ပြဿနာတွေထဲမှာ အဓိကတစ်ခုကတော့ အိုလ်ဇေးကို ပေးချေ နေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀လည်း ပါဝင်နေပြီး တစ်နှစ်စာဆိုရင် သူ့တစ်ဦးတည်းကိုပဲ ပေါင် ၁၈သန်း အသားတင်ပေးချေနေရတာပါ။

ဒါပေမယ့်လည်း ဒီနှစ်မှာ အက်ဖ်အေဖလားလည်းရ၊ယူရိုပါလိဂ်လည်း ဝင်ရောက်နိုင်ခဲ့တဲ့အတွက် အသင်းရဲ့ အမြတ် ငွေ ၄၁သန်းထိ မြင့်တက်လာခဲ့တယ်လို့လည်းသိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နှစ်ဘောလုံးရာသီသစ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ချဲလ်ဆီးက ဘရာဇီး တောင်ပံ တိုက်စစ်ကစားသမား ဝီလီယံကို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆို ခေါ်ယူထားနိုင်ပြီလို့လည်း ESPN သတင်းဌာနက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က