ဇူလိုင် ၂၉မှာ ကိုဗစ်တွေ့လို့ နေခဲ့ရသူပါ။

ယူနိုက်တက်နဲ့ပွဲအမီ အသင်းရှိရာ ဂျာမနီကို လိုက်လာတာ ဖြစ်လို့ ဒီကနေ့ညဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

ဆီဗီလာအသင်းရဲ့ ကွင်းလယ်လူ နီမန်ဂျာဂူဒယ်ကတော့ မူလက ကိုဗစ်ရောဂါပိုး တွေ့ခဲ့လို့ အသင်းနဲ့အတူ ဂျာမနီ ကို လိုက်ခွင့်မရှိခဲ့ပေမယ့် အခုအခါ ရောဂါ ပြန်ပျောက်သွားပြီဖြစ်လို့ ယူနိုက်တက်နဲ့ပွဲအမီ ဂျာမနီကို လိုက်လာခဲ့ပြီ လို့ သိရပါတယ်။



ဇူလိုင်လ ၂၉ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် အသင်းနဲ့အတူ လိုက်ခွင့်မရှိခဲ့ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တော့ နောက်တစ်ခါ ဆေးစစ်ရာမှာ ပိုးမတွေ့တော့ဘူးလို့ ဆေးအဖွဲ့က အတည်ပြုပေးခဲ့တာပါ။

ကြာသပတေးနေ့ကတည်းက အသင်းရှိရာ ဂျာမနီကို လိုက်လာခဲ့တာ ဖြစ်လို့ ယူနိုက်တက်နဲ့ပွဲမတိုင်မီ ၂ရက်ခန့် အသင်းနဲ့ လေ့ကျင့်ခွင့်ရခဲ့သလို ဒီကနေ့ညမှာ ကစားမယ့်ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရပါမယ်။

ဂူဒယ်ကတော့ မနှစ်က နွေရာသီမှာ တရုတ်ကလပ် ဂွမ်ဇူးအဲဗားဂရိတ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပါ တယ်။

ဆီဗီလာအသင်းကတော့ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကလပ် ဝုလ်အသင်းကို အနိုင်ယူပြီး ယခု ဆီမီးဖိုင်နယ်မှာ လည်း အင်္ဂလန်ကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ ဆက်လက် ရင်ဆိုင်ရတာပါ။

Share

Loading Next Article...
က္က