အာဂျင်တီးနားလိဂ်မှာ နည်းပြချုပ် လုပ်နေတာပါ။
Kyaw Ko Ko Sint

အာဂျင်တီးနားကလပ် Gimnasia အသင်းမှာ နည်းပြချုပ် တာဝန်ထမ်းဆောင်နေပြီး ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလမှာ လစာလျော့လိုပါက အဆင်သင့်ပဲလို့ ဆိုလာတာပါ။

အာဂျင်တီးနားအသင်းရဲ့ ဂန္တဝင်ဘောလုံးသမားကြီးတစ်ဦးဖြစ်တဲ့ မာရာဒိုနာဟာ လက်ရှိ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်‌နေတဲ့ အသင်းကို သူရမယ့် လစာငွေကိုအပြည့်မပေးပဲ လျော့ပေးဖို့ တောင်းဆိုလာတယ်လို့ Outlook သတင်းဌာနက ဖော်ပြလာပါတယ်။



မာရာဒိုနာက လက်ရှိ အာဂျင်တီးနားလိဂ်က Gimnasia အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူနေတာ ဖြစ်ပြီး လက်ရှိ အာဂျင်တီးနားလိဂ်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် အများနည်းတူ ရပ်နားထားပါတယ်။

အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ ၄လကျန်ရှိနေသေးပြီး စာချုပ်သစ်အတွက် စကားဆက်လက်ပြောဆိုရခြင်း မရှိသေးသည့်တိုင် မာရာဒိုနာက အခုလို သူ့လစာကို လျော့ယူမယ်လို့ ကိုယ်တိုင် ကမ်းလှမ်းခဲ့တာပါ။

“သူ့လက်ထောက်နည်းပြကတဆင့် သူ့စကားကို ကျွန်တော်လက်ခံရရှိပါတယ်၊သူပြောတာက သူ့လစာကို လျော့ဖို့ လိုအပ်လာရင် အဆင်သင့်ပဲလို့ ဆိုလာတာပါ။”လို့ အသင်းဥက္ကဌ ဂါဘရီရယ်ပယ်လီဂရီနိုက ပြောပါတယ်။

မာရာဒိုနာရဲ့ ပြောစကားကတော့ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဂျူနီယာ မက်ဆီရဲ့ သူနဲ့ သူ့အသင်းဖော်အားလုံး လစာ ၇၀ ရာခိုင်နှုန်း လျော့ယူ မယ်ဆိုတဲ့ စကားအပြီး ဆက်လက်ပေါ်ထွက်လာတာပါ။

မာရာဒိုနာတာဝန်ယူနေတဲ့ Gimnasia အသင်းကတော့ အာဂျင်တီးနားလိဂ်မှာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲနေရပါ တယ်။

သြဂုတ်လ ၂၂မှာ စာချုပ်ပြည့်မယ့် မာရာဒိုနာကို ကလပ်အသင်းက နောက်ထပ် စာချုပ်သစ် ထပ်မံ ကမ်းလှမ်းမှု ရှိမရှိဆိုတဲ့ အပေါ်မှာတော့ ဥက္ကဌ ပယ်လီဂရီနိုကတာဝန်ရှိသူတွေ စကားမပြောကြသေးဘူးလို့ ဆိုလာပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က