အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
Kyaw Ko Ko Sint

မတည်ငွေ ယူရို ၅သောင်းထည့်ဝင်ပြီး အင်စတာဂရမ်ကနေ ဗီဒီယိုလွှင့်ချိန် ၁နာရီအကြာမှာတော့ ၁သိန်းကျော် အထိ မြင့်တက်လာခဲ့ပါတယ်။

ဗိုင်းရပ်စ်ကို အဝေးကို ကန်ထုတ်မယ်ဆိုပြီး အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ လူမှုကွန်ရက်က တဆင့် ထုတ်ဖော်ပြောလာခဲ့ပါပြီ။

အခုလို တိုက်ထုတ်နိုင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေသွားမယ်လို့လည်း ဆိုပြီး မတည်ငွေအဖြစ် ယူရို ၅သောင်းစတင် ထည့်ဝင်ခဲ့တယ်လို့လည်း BBC SPORTက ဖော်ပြလာပါတယ်။




“အခုချိန်က ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ၊ကျွန်တော်ချစ်တဲ့ အီတလီနိုင်ငံအတွက် ကျွန်တော် တတ်နိုင်သလောက် အစွမ်းကုန် ကူညီပေးသွားမှာပါ။”လို့ အင်စတာဂရမ်ကတဆင့် ပြောလာတာပါ။

မိုဗစ်က အီတလီကလပ် အေစီမီလန်အသင်းမှာ လက်ရှိ ကစားနေပြီး အရင်က အင်တာမီလန်၊ဂျူဗင်တပ်အသင်း တို့နဲ့အတူ အီတလီမှာ အချိန်ကာလတစ်ခုအကြာ ဖြတ်သန်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရက်ရောမှုကို ယုံကြည်ပါတယ်၊နောက်ပြီး အခြား ဘယ်ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ဖြစ် နည်းသည်များသည် သဘောမထားပဲ လှူဒါန်းပါဝင်စေချင်ပါတယ်။အတူတကွ လုပ်ဆောင် မယ်ဆိုရင် ဒီရောဂါကို တိုက်ထုတ်နိုင်မှာပါ။”လို့ မိုဗစ်က ဆက်လက်ပြောပါတယ်။

မိုဗစ် ပို့စ်တင်ပြီး တစ်နာရီခန့်အကြာမှာတော့ မူလ ယူရို ၅သောင်းကနေ ၁သိန်း၉ထောင်ကျော်အထိ အလှူငွေ စာရင်း မြင့်တက်သွားတယ်လို့လည်း သိရပါတယ်။

အီတလီကတော့ ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရော သေဆုံးမှု ရောအမြင့်မားဆုံး နိုင်ငံဖြစ်ပြီး မနေ့က(ဗုဒ္ဓဟူး)ရရှိတဲ့ သတင်းအရ သေဆုံးသူ ၄၇၅ဦးထိရှိပြီလို့ သိရပါတယ်။


Author


က္က