အီတလီမှာ ပြည်တွင်းလိဂ်ပွဲတွေအားလုံး ရပ်နားထားပါပြီ။
Kyaw Ko Ko Sint

အင်တာမီလန်အသင်းကလည်း အစောပိုင်းတုန်းက ယူရို ၁သိန်း လှူဒါန်းမှု ပြုလုပ်ထားပါသေးတယ်။

အီတလီနိုင်ငံမှာ မြင့်မားစွာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပွဲအကုန်လုံး ရပ်နား ထားရပြီ ဖြစ်ပါတယ်။

ယခုအခါ ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းက ကုသဖို့ ဆေးစမ်းသပ်ထုတ်လုပ်နေတဲ့ ဓာတ်ခွဲခန်းအသုံးစရိတ်အတွက် အစိုးရကို ယူရို ၂သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

အီတီလီအိုလံပစ်ကော်မတီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဒေသတွင်း ရှိသမျှ အားကစားပြိုင်ပွဲအားလုံးကို ဧပြီလ ၃ ရက်နေ့မတိုင်ခင်အထိ ရပ်နားလိုက်ပြီလို့ ကြေညာခဲ့တာပါ။

လူပေါင်း ၉ ထောင်ကျော် ကူးစက်ခံနေရပြီ ဖြစ်တဲ့ အီတလီက ဥရောပမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံး နိုင်ငံ ဖြစ်နေပါတယ်။

အစောပိုင်းတုန်းက မီလန်ရဲ့ မြို့ခံပြိုင်ဖက် အင်တာမီလန်အသင်းက ယူရို ၁သိန်းလှူဒါန်းမှု ပြုလုပ်ထားပြီး ဖြစ်တာကြေင့် အေစီမီလန်အသင်းက ဒုတိယမြောက် လှူဒါန်းတဲ့ ကလပ်အသင်း ဖြစ်လာပါတယ်။

အေစီမီလန်အသင်းက စီးရီးအေမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့်အတွက် နာပိုလီနဲ့ရိုးမား ကို အနီးကပ်ဖိအားပေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်တဲ့ဆေးကို ကမ္ဘာအဝန်း အပြင်းအထန် ကြိုးပမ်းရှာဖွေနေပေမယ့် ဒီကနေ့အချိန်ထိ တိကျ ထိရောက်မှန်ကန်စွာ ကုသနိုင်တဲ့ဆေး မတွေ့ရသေးပဲ ကာကွယ်မှုတွေကိုသာ အသည်းအသန် ပြုလုပ် နေရပါတယ်။

တရုတ်နိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့လာတဲ့ ဒီရောဂါပိုးဟာ တစ်ကမ္ဘာလုံးရဲ့ အသက်ကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ ကမ္ဘာ့ အားကစားလောကကိုလည်း စတင် နှောက်ယှက်လို့နေပါပြီ။

ကမ္ဘာအဝန်းအခြားသော အားကစားပွဲတွေလည်း ကျင်းပမှုကနေ ရပ်နားထားကြပြီ ဖြစ်ပြီး အချို့နိုင်ငံတွေမှာ တော့ ကွင်းပိတ်ကစားစေတဲ့ စနစ်ကို ကျင့်သုံးနေပါတယ်။


က္က