အီတလီစီးရီးအေပွဲစဉ်အားလုံး ရပ်နားဖို့ ညှိနှိုင်းမှုတွေလည်းရှိနေပါတယ်။
Win Kyaw Min

ယူ-၂၃အသင်းတွင် ကူးစက်ခံသံသယရှိသူအချို့ရှိနေခဲ့တယ်လို့ အီတလီမီဒီယာတွေက အခို်င်အ မာဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို စတင်ရင်ဆိုင်ေ နရ ပြီလို့ သတင်းထွက်ပေါ်မှုများရှိလာခဲ့ပြီးနောက် ယူ-၂၃အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အချိန် အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းခဲ့ပြီဖြစ်တယ်လို့ အသင်းရဲ့အတည်ပြုသတင်းထုတ်ပြန်ချ က် ကို yahoo.sports ကဖော်ပြလာပါတယ်။

စီးရီးစီကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီရာနက်စ်အသင်းရဲ့ ကစားသမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံကစားသမားရှိနေခဲ့တယ်လို့ အတည်ပြုခဲ့ပြီးနောက် လက်ရှိအချိန်မှာ ကစားသမား ၄ဦးအထိ ရှိလာခဲ့ပြီဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၂၃ရက်မှာ ကစားခဲ့တဲ့ပွဲစဉ်အရ ဂျူဗင်တပ်ယူ-၂၃အသင်းကစား သမားတွေအတွက်ပါ စိုးရိမ်စရာစရာဖြစ်လာတာလည်းဖြစ်ပါတယ်။



ဂျူဗင်တပ်ယူ-၂၃အသင်းဟယ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ပီရာနက်ဆီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ တာ ဖြစ်တဲ့အတွက် အသင်းတာဝန်ရှိသူတွေအနေနဲ့ အတိအကျဆုံးစစ်ဆေးမှုများပြုလု ပ်နေတာ ဖြစ်ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အီတလီနိုင်ငံအနေနဲ့ ဥရောပနိုင်ငံတွေအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးနိုင်ငံဖြစ်နေခဲ့ ပြီး အစိုးရအာဏာပိုင်များအနေနဲ့ အချိန်မီထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်လုပ်ဆော င်နေခဲ့ ပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားအချို့ကူးစက်ခံထားရတဲ့အတွက် ပွဲစဉ်အများစုကို ရပ်ဆိုင်းဖို့ ထပ်မံစီစဉ်နေရပြီလည်းဖြစ်ပါတယ်။

“ ကူးစက်ခံထားရခြင်းရှိမရှိကို တိတိကျကျစစ်ဆေးဖို့လိုအပ်ပါတယ်။ လက်ရှိမှာအသင်းရဲ့လေ့ကျင့်ေ ရးအစီအစဉ်တွေကို ရပ်နားထားပါတယ်။ ယူ-၂၃အသင်းသားတွေရဲ့ အခြေအနေကိုဆက်ပြီးစောင့်ကြ ည့်ရဦးမှာပါ။ အစိုးရအာဏာပိုင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ပါပဲ ” လို့ ဂျူဗင်တပ်အသင်း  ရဲ့ အတည်ပြုချက်ကို အီတလီမီဒီယာအများစုက ဖော်ပြနေကြတာလည်းဖြစ်ပါတယ်။


က္က