ဗြိတိန်အာဏာပိုင်များအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုချက်ထုတ်ပြန်ဖို့ရှိနေတာပါ။
Win Kyaw Min

ရောဂါကူးစက်ခံထားရသူအချို့တွေ့ရှိခဲ့ရပြီးနောက် ပွဲလမ်းသဘင်အများစုကို ရွှေ့ဆိုင်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိခဲ့ခြင်းနဲ့အတူ သံသယရှိသူများ တိုးပွားလာတဲ့အတွက် နိုင်ငံတော်အဆင့်အရေးပေါ်သတ်မှတ်ချက်နဲ့အတူ စာသင်ကျောင်းများကို ရက်သတ္တပတ် ၈ပတ်ကြာပိတ်ထား ဖို့အတွက် စီစဉ်နေခဲ့သလို လူစုလူဝေးဖြစ်စေမယ့် အားကစားပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ ရှိနေတယ်လို့ Dailymail /News က အခို်င်အမာဖော်ပြချက်အရ သိရပါတယ်။

ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဆွီဒင်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ အစ္စရေး၊ ဗြိတိန်နိုင်ငံများတွင်ရောဂါ ပိုးကူးစက်ခံရသူများတွေ့ရှိထားပြီး အီတလီနိုင်ငံက အများဆုံးကူးစက်ခံရသူများရှိနေခဲ့ကာ သေဆုံးမှုများမြင့်တ က်လာခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO )အနေနဲ့ အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ထားပြီ လည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ဗြိတိန်အာဏာပိုင်တွေအနေနဲ့ ကျောင်းများအားလုံးပိတ်ရန် လုပ်ဆောင်မှုများရှိနေခဲ့ပြီး အချိန်ကာလတစ်ခုအထိ ပိတ်ထားခြင်းနဲ့အတူ ပြည်တွင်းအားကစားပွဲစဉ်တွေကိုပါ ရွှေ့ဆိုင်းရန် တာဝန်ရှိသူေ တွထံ ဖိအားပေးတောင်းဆိုမှုများပြုလုပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအခြေအနေအရ မတ်လအတွင်းကျင်းပဖို့ရှိနေတဲ့ အားကစားပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ရှိနေပြီး ပရီးမီးယား လိဂ်အသင်းကြီးအများစုပါဝင်နေတဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်များ၊ ၂၀၂ဝလန်ဒန်မာရသွန်ပြိုင်ပွဲ၊ The Grand National မြင်းပြိုင်ပွဲတို့ပါဝင်နေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အားကစားပွဲစဉ်အများစုရွှေ့ဆိုင်းဖို့စီစဉ်နေပေမယ့် ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့အင်္ဂလန်ပရီးမီးယား လိဂ်ပွဲစဉ်များ၊ ချန်ပီယံရှစ်ပွဲများကိုတော့ ရွှေ့ဆိုင်းဖို့အတွက် ညှိနှိုင်းတွေပြုလုပ်ရဖို့ရှိနေပြီး လိဂ်-၁၊ လိဂ်-၂၊ လိဂ် ၃များကိုတော့ ရွှေ့ဆိုင်းဖို့ ရာနှုန်းပြည့်နီးပါးသေချာနေခဲ့ပြီဖြစ်တယ်လို့လည်း အခိုင်အမာသတင်းဖော်ပြမှုများရှိ နေခဲ့တာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က