ရောဂါကူးစက်ခံရသူ ပရော်ဖက်ရှင်နယ်ကစားသမားအများစုရှိနေဆဲပါ။

ပရော်ဖက်ရှင်နယ်ကစားသမားအချို့တွင် COVID-19 ရောဂါကူးစက်ခံရမှုများရှိခဲ့ပေမယ့် အလျင်အမြန်ပြန်လ ည်သက်သာပျောက်ကင်းမှုများရှိနေခဲ့တာပါ။

အာဆင်နယ်ဂိုးသမားဟောင်းဖြစ်သူ ဂျန်လေးမန်းက ကူးစက်မှုနှုန်းမြန်ဆန်ပြီး သေဆုံးသူများစွာရှိနေဆဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြေအနေက ထိတ်လန့်စရာအခြေအနေရှိနေခဲ့ပေမယ့် ကြံ့ခိုင်မှုအပြည့်အဝရှိတဲ့ဘောလုံး ကစားသမားတွေအတွက်ကတော့ စိုးရိမ်စရာရောဂါတစ်ခုမဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုခဲ့မှုကို goal.comရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကူးစက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးခဲ့သူများတွင် ပရော်ဖက်ရှင်နယ်ကစားသမားများပါဝင်ခဲ့ခြင်းမရှိပေမယ့် သတိထားရမည့်အခြေအနေရှိဆဲဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကြဖို့ လေးမန်းက တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။



 “ ရောဂါရဲ့အခြေအနေက တော်တော်လေးကိုဆိုးရွားပါတယ်။ ဒါပေမဲ့ ကစားသမားတွေအတွက်တော့ထင်သ လောက်မပြင်းထန်ဘူးလို့ယူဆမိပါတယ်။ အသက်အရွယ်၊ ကြံ့ခိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ခံ ထားရပေမယ့် ရောဂါလက္ခဏာမပြတဲ့အခြေအနေက ကြံ့ခိုင်မှုအပြည့်အဝရှိတဲ့ ကစားသမားတွေအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ပဲ ယူဆရမှာပါ ” လို့ ဂျန်လေးမန်းက မှတ်ချက်ပြုပြောဆိုလိုက်တာပါ။

COVID-19 ကူးစက်ခံရမှုအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံရှိ စီးရီးအေအသင်းတွေဖြစ်တဲ့ အတ္တလန္တာ၊ ဖီိအိုရင်တီးနား၊ ဆမ်ဒိုးရီးယားအသင်း၊ ဂျူဗင်တပ်အသင်းတွေမှာ ရောဂါကူးစက်ခံရသူကစားသမား အများစုရှိခဲ့ပေမယ့် အချိန်အတိုင်းအတာတစ်ခုအတွင်း ပြန်လည်သက်သာလာခဲ့ကြတဲ့ မှတ်တမ်းများလည်းရှိနေ ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ဥရောပထိပ်တန်းအမှတ်ပေးလိဂ်အားလုံး ရွှေ့ဆိုင်းခဲ့ရပေမယ့် လက်ရှိအ ချိန်တွင် ပြန်လည်ကျင်းပရန်စီစဉ်နေပြီဖြစ်တဲ့အတွက်မလိုလားအပ်တဲ့ ရောဂါပြန့်ပွားမှုများထပ်မံမဖြစ်ပွားစေရေး အတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေဆဲဖြစ်တယ်လို့ ဖီဖာအပါအဝင် ဘောလုံးအဖွဲ့ချုပ်အများစုကလက်ခံထား ဆဲဖြစ်ပါတယ်။



က္က