loading...

loading...

loading...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သပ်နေထိုင်နေရတာလည်းဖြစ်ပါတယ်။
Win Kyaw Min

အိုလံပစ်ခြေစစ်ပွဲတွေအဖြစ် သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ လေ့ကျင့်မှုပိုင်း တွ င် အခက်အခဲအချို့နဲ့ရင်ဆိုင်နေရပြီး တရားဝင်လေ့ကျင့်မှုမှလွဲပြီး ကျန်လေ့ကျင့်မှုများကိုပြု လုပ် ခွင့်မရရှိကြောင်း Titan Sports Plus ရဲ့ဖော်ပြမှုအရ သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမျိုးသမီးအိုလံပစ်အုပ်စု(ခ)ပွဲစဉ်တွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျင်းပခွင့် ရုပ်သိမ်းခံခဲ့ရပြီး သြစတြေးလျက အိမ်ရှင်အဖြစ် အစားထိုးလက်ခံကျင်းပနေတာလည်းဖြစ်ပါတယ်။



Thesun ရဲ့ကိုးကားဖော်ပြမှုမှာတော့ တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ အပေါ့စားလေ့ကျ င့်မှုများပြုလုပ်ရန်အတွက် ကွင်းရရှိခဲ့ခြင်းမရှိဘဲ အသင်းတည်းခိုရာဟိုတယ်အပြင်ဘက် လျှောက်လ မ်းတွ င်သာ ပြုလုပ်ခွင့်ရရှိခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစီမံချက်တွေနဲ့အတူ အတင်း ကြပ် ဆုံးစည်းမျဉ်းများကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ ဖော်ပြလာခဲ့တာပါ။

ခြေစစ်ပွဲကစားရန်အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ သြစတြေးလျနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ တရု တ်အမျိုးသမီးအသင်းအနေနဲ့ လက်ရှိတည်းခိုရာဟိုတယ်မှာလည်း အထူးစောင့်ကြည့် ခြင်းခံ နေရတယ် လို့လည်း တရုတ်မီဒီယာအချို့ကိုဖော်ပြနေကြပေမယ့် နည်းပြချုပ်ဂျာရှုကျွမ်က ပြိုင်ပွဲအတွက်ပဲအာရုံ အပြည့်စိုက်ထားတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။



တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ခြေစစ်ပွဲအုပ်စု(ခ)တွင် ထိုင်း၊ တရုတ်(တိုင်ပေ)၊ အိမ်ရှ င်သြစတြေးလျတို့နဲ့တစ်အုပ်စုတည်ကျရောက်နေတာဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမယ့်ဖေေ ဖာ် ၀ါ ရီ ရရက်နေ့မှာ ထိုင်းအသင်းနဲ့ စကားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က