အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲ ၂ပွဲလုံးကို ဖျက်သိမ်းခဲ့တာပါ။
Win Kyaw Min

အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့ ယူရို၂၀၂ဝပြိုင်ပွဲမတိုင်မီ အီတလီ၊ ဒိန်းမတ်တို့နဲ့ခြေစွမ်းပွဲကစားဖို့စီစဉ် ထားတာလည်းဖြစ်ပါတယ်။

အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ အခုလအတွင်းကစားဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ခြေစမ်းပွဲစဉ် တွေကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အီတလီ၊ ဒိန်းမတ်တို့နဲ့ရင်ဆိုင်ကစားမယ့် ခြေစမ်းပွဲစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပြီဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့မှုကို thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းကာလက ခြေစမ်းပွဲစဉ်အတွက် ညှိနှိုင်းမှုအချို့ပြုလုပ်ခဲ့ပေမယ့် ဒိန်းမတ်နိုင်ငံနဲအီတလီနိုင်ငံတို့မှာ ကို ရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အရေအတွက်ပိုမိုများပြားလာတဲ့အတွက်မလိုလားအပ်တဲ့ရောဂါပျံ့နှံ့မှုများမဖြစ်ပေါ် စေရေးအတွက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



အင်္ဂလန်အသင်းအနေနဲ့ ခြေစမ်းပွဲစဉ်နှစ်ပွဲလုံးကို အိမ်ကွင်းလက်ခံကစားမှာဖြစ်ပြီး ဥရောပနိုင်ငံများတွင် ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့အပြင် သေဆုံးမှုနှုန်းပါမြင့်တက်လာတဲ့ အီတလီ၊ ဒိန်းမတ်နိုင်ငံတွေကြောင့် အ ခုလို ပွဲဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့လည်း dailymail က သုံးသပ်ဖော်ပြထားပြန်ပါတယ်။

မတ် ၂၈ရက်တွင် အီတလီ၊ ဧပြီ ၁ရက်နေ့တွင် ဒိန်းမတ်တို့နဲ့ခြေစမ်းဖို့ရှိနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ပွဲစဉ်တွေ ကို ဖျက်သိမ်းခဲ့သော်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် သီးသန့်လေ့ကျင့်မှုများပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း အက်ဖ်အေရဲ့ အတည်ပြုချက်အရ သိရပါတယ်။

ဆက်စပ်သတင်းတွေအရ ဥရောပနိုင်ငံအချို့အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအကြိုခြေစမ်းပွဲစဉ်အချို့ကို ရွှေ့ဆိုင်းဖို့ စီစဉ်နေကြပေမယ့် ယူအီးအက်ဖ်အေတာဝန်ရှိသူတွေကတော့ ဇွန်လမှာကျင်းပမယ့် ပြိုင်ပွဲအမီရောဂါပျံ့ပွားမှုကို အချိန်မီထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေပြီး ပြိုင်ပွဲကိုရွှေ့ဆိုင်းဖို့အထိမရှိဘူးလို့လည်း အတည်ပြုသတင်းထုတ် ပြန်ထားပါသေးတယ်။



က္က