ဘာစီလိုနာကလည်း လိုအပ်ရင် အသုံးပြုနိုင်တယ်လို့ ကြေညာထားပါတယ်။

ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေပြီး ကူးစက်ခံလူနာတွေအတွက် ဆေးကုသဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို သိုလှောင်ပေးထားမယ့် ပထမဆုံးဘောလုံးအသင်းလည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ 


စပိန်နာမည်ကျော်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့အိမ်ကွင်းဆန်တီယာဂိုဘာနေဗျူးကွင်းကြီးကို ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွေအတွက် လိုအပ်တဲ့နေရာအဖြစ် အသုံးပြုခွင့်ပေးသွားမယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေပြီး ကူးစက်ခံလူနာတွေအတွက် ဆေးကုသဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို သိုလှောင်ပေးထားမယ့် ပထမဆုံးဘောလုံးအသင်းလည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ 



ကြာသပတေးနေ့တစ်ရက်တည်းအတွင်း စပိန်မှာ သေဆုံးသူပေါင်း ၆၅၅ ဦးအထိ ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူဦးရေဟာ လေးထောင်ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းငါးသောင်းကျော်အထိ ရှိလာခဲ့ပြီး စိုးရိမ်ဖွယ်ရာအနေအထားတစ်ခုနဲ့ စပိန်က ရင်ဆိုင်နေရကာ ထိန်းချုပ်ဖို့အစွမ်းကုန်ကြိုးစားနေရပါတယ်။ 

အရေးပေါ်ခန်းထဲကထွက်လာပြီး တစ်ဦးနဲ့တစ်ဦးပွေ့ဖက်ငိုကြွေးနေသည့် စပိန်ကျန်းမာရေးဝန်ထမ်းနှစ်ဦး :  Severo Ochoa hospital in Leganes, Spain, March 26, 2020. /VCG


ဒီအချိန်မှာ ရီးရဲလ်က ဘာနေဗျူးကွင်းကြီးကို ဆေးကုသဖို့နေရာအဖြစ် ဖန်တီးပေးတော့မယ်ဆိုတာက သတင်းကောင်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ "အဖွဲ့အစည်းနှစ်ခုကြားပူးပေါင်းမှုတွေကြောင့် ဘာနေဗျူးက ရောဂါတိုက်ဖျက်ရေးအတွက် ဆေးပစ္စည်းတွေသိုလှောင်ထားမယ့် နေရာအဖြစ်ပြောင်းလဲတော့မှာပါ၊ ဒီပစ္စည်းအားလုံးကို စပိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ အခွင့်အာဏာအောက်မှာပဲ ထားရှိမှာပါ"

" လက်ရှိအရေးအပေါ်အခြေအနေမှာ လိုအပ်နေတာကြောင့် ဒီအရင်းအမြစ်တွေကို အကောင်းဆုံးနဲ့အထိရောက်ဆုံးအသုံးချသွားဖို့လည်း ဖြစ်ပါတယ်၊ အသင်းအနေနဲ့ အားကစားနဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ခွင့်ပြုပေးသွားမှာပါ၊ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နိုင်သလို ကျန်းမာရေးဝန်ကြီးဌာနအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း လက်ခံပေးသွားမှာပါ" လို့ ရီးရဲလ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြိုင်ဘက်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာကလည်း ဒေသတွင်းကျန်းမာရေးဌာနတွေအနေနဲ့ လိုအပ်တယ်ဆိုပါက သူတို့အသင်းဆီက အဆောက်အအုံတွေကို အသုံးပြုနိုင်တယ်လို့ မနေ့က ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က