ဥရောပနိုင်ငံတွေမှာ ထိန်းချုပ်ဖို့ ခက်ခဲနေဆဲပါ။
Win Kyaw Min

ယူကရိန်းနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ နျူကလီးယားမတော်တဆမှုနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တာဖြစ်ပြီး အဆိုးရွား ဆုံးအခြေအနေတစ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။

အေစီမီလန်၊ ချဲလ်ဆီးတို့နဲ့အတူ အောင်မြင်မှုရခဲ့ဖူးတဲ့ ယူကရိန်းတိုက်စစ်မှူးဟောင်းရှက်ဗ်ချန်ကိုက ကိုရိုနာဗိုင်း ရပ်စ်ကြောင့် လူအများသေကြေပျက်စီးမှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ချာနိုလ်ဘိုင်းမတော်တဆမှု လို ပေးဆပ်မှုကြီးမားတဲ့ အခြေအနေတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို Skysport က ဖော်ပြလာခဲ့ပါ တယ်။

လက်ရှိမှာ ဗြိိတိန်နိုင်ငံရဲ့မြို့တော်လန်ဒန်နဲ့အနီးဆုံးနေရာမှာရှိနေခဲ့တဲ့ ရှက်ဗ်ချန်ကိုအနေနဲ့ နေအိမ်အတွင်းသီး သန့်နေထိုင်နေရတဲ့အပြင် ၁ဝရက်ကြာမြင့်ခဲ့ပြီဖြစ်တဲ့အခြေအနေက ၄ရက်ခန့်ထပ်မံစောင့်ကြည့်ခံရဖို့ရှိနေတာ လည်းဖြစ်ပါတယ်။



“ လန်ဒန်နဲ့အနီးဆုံးမှာရှိနေပါတယ်။ မြို့စွန်ဖြစ်ပေမယ့် စောင့်ကြည့်စစ်ဆေးခံနေရဆဲပါ။ ၁ဝရက်ကြာဖြတ်သန်း ခဲ့ပြီးဖြစ်လို့ ၄ရက်ကျန်ပါသေးတယ်။ ပေးဆပ်ကူညီနေသူတွေအားလုံးကို သူရဲကောင်းအဖြစ်သတ်မှတ်ရမယ့်အ ချိန်ပါ။ သေချာတာတစ်ခုကတော့ ချာနိုလ်ဘိုင်းမတော်တဆမှုလိုပဲ ဝမ်းနည်းစရာအကောင်းဆုံးအခြေအနေဖြစ် နေခဲ့တာပါ ” လို့ ရှက်ဗ်ချန်ကိုက ဆိုခဲ့တာပါ။

ဒီကနေ့ညနေပိုင်းနောက်ဆုံးရရှိခဲ့တဲ့ ရလဒ်တွေအရ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ ၆၇၉,၀၀၅ ယောက်ရှိထားပြီး ၁၄၆,၃၄၅ ယောက်ပြန်လည်သက်သာလာခဲ့ကာ ၃၁,၇၇၁ ယောက်ဆုံးရှုံးထားခဲ့ရပြီးဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ တွင်းအခြေအနေမှာတော့ ၁၇,၀၈၉ ကူးစက်ခံထားရပြီး ၁,၀၁၉ ယောက်သေဆုံးခဲ့တယ်လို့ worldometers. Info ကဖော်ပြထားပြန်ပါတယ်။

ချာနိုလ်ဘိုင်းနျူကလီးယားမတော်တဆမှုဟာ အခုယူကရိန်းနိုင်ငံဖြစ်လာမယ့် ဆိုဗီယက်ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး မှတ်တမ်းတွေအရ ၁၉၈၆၊ ဧပြီ ၂၆ရက်မတော်တဆမှုအတွင်း ၃ဝဝနီးပါးဒဏ်ရာရရှိခဲ့ကြပြီး ရေဒီယိုဓါတ်သတ္တိကြွမှုကြောင့် ၃လအတွင်း ၃၁ဦးအထိသေဆုံးခဲ့တယ်လို့လည်းမှတ်တမ်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က