ကစားသမားအချို့ကိုပါအပြောင်းအလဲပြုလုပ်ဖို့ရှိနေတာပါ။

ဥရောပအလယ်အလတ်အသင်းအများစုအနေနဲ့ ပွဲစဉ်များရွှေ့ဆိုင်းခြင်းရခြင်းကြောင့် ရုပ်သံဝင်ငွေ၊ ပရိသတ်ကွ င်းဝင်ကြေးများလျော့နည်းလာတဲ့အတွက် ဘဏ္ဍာရေးအရ အခက်အခဲ အချို့ရှိလာခဲ့တာပါ။

ဘယ်လ်ဂျီယံထိပ်သီးကလပ်အန်ဒါလက်ချ်အသင်းအနေနဲ့ ပွဲစဉ်များရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် ဘဏ္ဍာရေးအရအ ခက်အခဲအချို့ရှိလာခဲ့တဲ့အတွက် လက်ထောက်နည်းပြဇက်တာဘတ်ဂျ်ကိုလမ်းခွဲခဲ့ပြီးနောက် နည်းပြအဖွဲ့ကိုလ ည်း အပြောင်းအလဲပြုလုပ်ဖို့ရှိနေတယ်လို့ Marca.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။



မန်စီးတီးအသင်းခေါင်းဆောင်းဟောင်း ကွန်ပနီက ကစားသမား+မန်နေဂျာအဖြစ် တာဝန်ယူထားတဲ့ အန်ဒါလ က်ချ်အသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်များရွှေ့ဆိုင်းခဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးဂယက်ကိုရင် ဆို်င်နေရတာဖြစ်ပြီး ဘဏ္ဍာရေးအတွက် စိန်ခေါ်မှုများစွာရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



“ အကြောင်းတစ်စုံတရာမရှိဘဲ စာချုပ်ဖျက်သိမ်းမှုကို တကယ်ပဲအံအားသင့်မိပါတယ်။ ဝမ်းမနည်းပေမယ့် စိတ် မကောင်းတော့ဖြစ်မိပါတယ်။ ဘဏ္ဍာရေးထိန်းချုပ်ချင်တာလား၊ အလုပ်တွဲလုပ်ရတာအဆင်မပြေလို့လား မေးခွ န်းများစွာရှိနေဆဲပါ။ အဓိကအကြောင်းရင်းကို နားမလည်ပေမယ့် လက်ခံရတော့မှာပါ ” လို့ အသင်းနဲ့စာချုပ်ဖျ က်သိမ်းခံခဲ့ရတဲ့ လက်ထောက်နည်းပြဇက်တာဘက်ဂျ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နည်းပြအဖွဲ့အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းအပေါ် အန်ဒါလက်ချ်အသင်းက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေး သလို စာချုပ်ဖျက်သိမ်းခံခဲ့ရတဲ့ နည်းပြကိုလည်း တစ်ဖက်သပ်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းဖော်ပြ မှုတွေရှိနေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပအသင်းအများစုစီးပွားရေးအရ အခက်အခဲများစွာရင်ဆိုင်နေရပြီး ထိပ်သီးအသ င်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာရဲ့ကစားသမားတွေအနေနဲ့လည်း လစာငွေကိုလျော့ယူကြဖို့ သဘောတူခဲ့ကြသ လို ဆွစ်ဇာလန်ကလပ်ဆီယွန်အသင်းကလည်း ကစားသမား ၉ဦးအထိ လျော့ချခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က