ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် တွေ့ဆုံခဲ့ကြတာပါ။

တောင်ကိုရီးယားက မြောက်ကိုရီးယားကို ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ကားခဲ့တာ ဖြစ်ပြီး နှစ်သင်းကြား ပြိုင်ပွဲအသွင် တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ကိုရီးယားဒါဘီပွဲစဉ်ကနေ ဘာဒဏ်ရာမှ မရပဲ ပြန်လာနိုင်ခဲ့တာ အင်မတန် ကံကောင်းပြီး ကြီးမားတဲ့ ဆုလာဘ်တစ်ခုလို သတ်မှတ်ရမယ်လို့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောလာတဲ့အကြောင်း Fox Sports Asia သတင်းဌာနက ဖော်ပြလာပါတယ်။



၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် တစ်အုပ်စုတည်း ကျရောက်နေခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကစားခဲ့တဲ့ ဒီပွဲမှာတော့ ပရိသတ် လုံးဝမပါပဲ ကစားခဲ့ရတာပါ။



“ အနိုင်မရခဲ့တာ အင်မတန် ညံ့ပါတယ်။ ဒါပေမယ့် ပွဲက အရမ်းကြမ်းတမ်းခဲ့ပြီး ဘာဒဏ်ရာမှ မရပဲ ပြန်လာနိုုင် ခဲ့တာကိုပဲ ကြီးမားတဲ့ ဆုလာဘ်လို့ ယူဆရပါမယ်။” လို့ ဆွန်က တောင်ကိုရီးယားကိုရောက်ချိန် AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းက ၁၉၉၀ ခုနှစ်က နောက်ဆုံးအကြိမ် မြောက်ကိုရီးယားကို လိုက်ပါပြီး ခြေစမ်းပွဲကစားခဲ့ကာ အခုလို ပြိုင်ပွဲအသွင်တစ်ခုမှာ တွေ့ဆုံတာကလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

“ မြောက်ကိုရီးယား ကစားသမားတွေက အရမ်း စိတ်လိုက်မာန်ပါဖြစ်ကြပါတယ်။ မညှာမတာ ဆဲဆိုအပြစ်ပြောမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။” လို့ ဆွန်က ဆက်လက်ပြောခဲ့ပါတယ်။

ယခုပြိုင်ပွဲကိုလည်း ဘယ်တီဗီချန်နယ်တစ်ခုမှ တိုက်ရိုက်မပြသသလို တောင်ကိုရီးယား မီဒီယာတွေလည်း လိုက်ပါခွင့်မရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က