လက်ရှိမှာ ဘရာဇီးစီးရီးအေ ၂ ကလပ်ပေါ်တူဂူဆာအသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။

၂၀၀၅ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲကို တောင်အမေရိကချန်ပီယံ ဘရာဇီးကလပ်ဆာအိုပေါ်လို အသင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဥရောပချန်ပီယံလီဗာပူးအသင်းကို အနိုင်ရခဲ့ခြင်းနဲ့အ တူ ချန်ပီယံဆုရရှိခဲ့တာပါ။

ဘရာဇီးကလပ်ဆာအိုပေါ်လိုအသင်းရဲ့ ၀ါရင့်နောက်ခံလူဒိုနီဇက်တီက မူးယစ်ဆေးဝါးသားကောင်ဖြစ်ခဲ့ခြင်း ကြောင့် အောင်မြင်တဲ့ကစားသမားဘဝဆုံးရှုံးခဲ့ရသလို ကိုကင်းသုံးဖို့အတွက် ချန်ပီယံဆုတံဆိပ်တွေရောင်းချခဲ့ ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို goal.com က ဖော်ပြလာပါတယ်။

ဒိုနာဇက်တီအနေနဲ့ ၂၀၀၄-၀၅ ဝန်းကျင်ကာလများအတွင်း ဆာအိုပေါ်လိုအသင်းနဲ့အတူ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသလို အသက် ၂ဝအရွယ်ဘရာဇီးနောက်ခံလူကို ဥရောပထိပ်တန်းအသ င်းအများစုက စိတ်ဝင်စားမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။



“ မူးယစ်ဆေးဝါးက လူငယ်တွေအတွက် တကယ်ကို အန္တရာယ်ရှိတဲ့အရာပါ။ အဖိုးတန်လူငယ်ဘဝနဲ့ရည်မှန်းချ က်တွေအားလုံးမူးယစ်ဆေးဝါးကြောင့် ပျက်စီးခဲ့ရတယ်။ ဒေါ်လာ ၃ဝဝဝနီးပါးတန်တဲ့ မူးယစ်ဆေးဝါးအတွက်အ မှတ်တရဆုတံဆိပ်တွေရောင်းချခဲ့ရတယ်။ အလွန်အကျွံစွဲလန်းခဲ့တဲ့ ကိုကင်းကြောင့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဆုတံဆိပ်ကိုပါ ဒေါ်လာ ၂ဝဝဝဝန်းကျင်နဲ့ရောင်းထုတ်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့တယ် ” လို့ ဒိုနီဇက်တီက ထုတ်ဖော် ဝန်ခံလိုက်တာပါ။

ဒိုနီဇက်တီအနေနဲ့ ဒေသတွင်းလူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမြင့်တက်မှုအပေါ် အဓိကထားဝေဖန် နေခဲ့တာဖြစ်ပြီး မူးယစ်ဆေးကြောင့် တိုင်းပြည်ရဲ့လူငယ်အရင်းအမြစ်အချို့ ဆုံးရှုံးမှုများကို အစိုးရအာဏာပိုင် များကို လက်တွေ့အခြေအနေနဲ့အတူ ထောက်ပြနေခဲ့တာပါ။

ဆာအိုပေါ်လိုအသင်းရဲ့ အဓိက,ကစားသမားအဖြစ် ရပ်တည်နို်င်ခဲ့ပေမယ့် မူးယစ်ဆေးဝါးကြောင့် တစ်နှစ်သာ ကစားခွင့်ရရှိခဲ့ပြီး နေစီယွန်နယ်အသင်းကိုရောက်ရှိခဲ့တဲ့ ၂၀၀၉ခုနှစ်မှာတော့ ကိုကင်းလက်ဝယ်တွေ့ရှိခဲ့ခြင်းနဲ့ အတူ ထိန်းသိမ်းခံခဲ့ရပြီး ဘောလုံးလောကနဲ့ ၆နှစ်အထိဝေးကွာခဲ့ရကာ ၂၀၁၅ခုနှစ်ရောက်မှ ဒုတိယတန်းကလ ပ် တာဘိုအာအသင်းနဲ့အတူ ကစားသမားဘဝပြန်လည်စတင်ခဲ့သူပါ။



က္က