မက်ဆီက မန်စီးတီးကို ပြောင်းမယ်လို့ သတင်းထွက်နေတာပါ။
Kyaw Ko Ko Sint


ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ကိုးလ်မန်းရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်လာခြင်းမရှိခဲ့သလို ဒုတိယမြောက်နေ့မှာလည်း ပါဝင်မလာဘူးလို့ Daily Mail သတင်းဌာနက ဖော်ပြ လာပါတယ်။

မက်ဆီကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးမှာ အသင်းက ထွက်တော့မယ်လို့သတင်းထွက်ပေါ်လာသူပါ။

အခုလို ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်ကို မက်ဆီ ပျက်ကွက်နေခြင်းနဲ့ ပတ်သက်ပြီး အဓိက ပြောစရာဖြစ်နေသလို မက်ဆီကိုယ်တိုင်က မန်စီးတီးကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့ အမျိုးမျိုး ယူဆနေကြပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းရဲ့ ဆေးစစ်မှု အစီအစဥ်မှာ မပါဝင်ခဲ့တဲ့အတွက် အခြေအနေ တွေဟာ မက်ဆီ အသင်းကထွက်ဖို့ မြင်ကွင်းတွေ ဖြစ်လာခဲ့ပါတယ်။

မက်ဆီကို မန်စီးတီးအသင်းက ပေါင် သန်း ၄၅၀အပြင် ဂျီးဆပ်၊ဘာနန်ဒိုလ်ဆေးဗားတို့အပါအဝင် နေနံစိမ်း စည်ပေါင်း ၁၀၀၀၀ နဲ့ အလိုက်ပေး ခေါ်ယူဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က