၂၀၁၉ ကိုပါအမေရိကဖလားပွဲစဉ်ကို ဇွန် ၁၅ ရက်ကနေ ဇူလိုင် ၇ရက်အထိ ဘရာဇီးနီုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာပါ။

ကိုပါအမေရိကဖလားပြိုင်ပွဲဟာ လူငယ်ကစားသမားအချို့အတွက် ဥရောပအသင်းကြီးတွေဆီ ပြောင်းရွှေ့ခွ င့်ရမယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

ပရိသတ်စိတ်ဝင်စားမှုအများဆုံးကို ရရှိထားတဲ့ ဥရောပထိပ်တန်းအမှတ်ပေးလိဂ်တွေအတွက် တောင်အမေရိက တိုက်ရဲ့ အားကစားသမားထုတ်ကုန်က ယနေ့အချိန်အထိအရေးပါဆုံးနေရာမှာရှိနေပါတယ်။ Total-Football၊ Tiki-Taka တို့နည်းတူ တောင်အမေရိကရဲ့ နည်းဗျူဟာထုတ်ကုန် Ginga Stlye ကစားပုံကလည်း ဘရာဇီးအ သင်းနဲ့အတူ မတူညီတဲ့စွဲဆောင်မှုတစ်ခုအဖြစ်ရှိနေပါတယ်။ ကမ္ဘာ့ဘောလုံးဈေးကွက်ရဲ့ တန်ဖိုးအကြီးဆုံးကစား သမား၊ ဈေးကွက်လိုအပ်ချက်အမြင့်ဆုံးရှိနေတဲ့ အခြေအနေတွေမှာ တောင်အမေရိကဘောလုံးဈေးကွက်က ဥရောပထပ်ပိုပြီး ရှေ့ရောက်နေတယ်လို့ဆိုရမှာပါ။ ဥရောပရဲ့ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်၊ ပီအက်စ်ဂျီ တို့ရဲ့ ပစ်မှတ်က ယနေ့အချိန်အထိ တောင်အမေရိက,ကစားသမားဈေးကွက်ကို အားကိုးနေရဆဲပါပဲ။ ယူ-၁၇၊ ယူ-၁၉ ကစလို့ လက်ရွေးစင်အသင်းတွေအထိ စောင့်ကြည့်နေရဆဲပါ။ သို့ဖြစ်၍ လာမယ့် ဇွန် ၁၅ရက်မှာစတင် ကျင်းပတော့မယ့် ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲကလည်း ထိပ်သီးအသင်းတွေရဲ့ ကင်းထောင်တွေ၊ ကစား သမားအေးဂျင့်တွေ ခြေခြင်းလိမ်နေကြမှာအသေအချာပါ။ ပြိုင်ပွဲဝင် ၁၂သင်းနဲ့အတူ ထွန်းတောက်လာနိုင်ဖွယ်ရှိ တဲ့ ကစားသမားအချို့ကို ဖော်ပြရမယ်ဆိုလျှင် . . .။

ဝီလ်ကာဖာရီနက်ဇ် (ဗင်နီဇွဲလား)

လူးဝစ္စချီလာဗတ်၊ ဂျူလီယိုဆီဆာ၊ ရိုမီယို၊ မူစလီယာ တို့ပြီးတဲ့နောက် တောင်အမေရိကမှာ ထွန်းတောက်လာမ ယ့် ဂိုးသမားတစ်ဦးအဖြစ် ဗင်နီဇွဲလားလူငယ်ဂိုးသမား ဖာရီနက်ဇ်က မှတ်ချက်ပြုခြင်းခံနေရပါတယ်။ အသက် ၂ ၁နှစ်အရွယ်ရှိဂိုးသမားဖာရီနက်ဇ်ဟာ ဂျာမနီကလပ်မိုချင်ဂလာဘတ်နဲ့ထွန်းတောက်ခဲ့တဲ့ ဂျူအန်အာရန်ဂူ၊ အန်ဒါ လက်ချ်၊ AEK အေသင်အသင်းတို့တွင် ခြေစွမ်းပြနိုင်ခဲ့တဲ့ ရော်နယ်လ်ဗားဂတ်စ်တို့ကို မွေးထုတ်ပေးခဲ့တဲ့ ဗင်နီဇွဲ လားကလပ် ကာရာကတ်စ်အက်ဖ်စီအကယ်ဒမီထွက်ကစားသမားတစ်ဦးပါ။ ၂၀၁၃ကတည်းက ဗင်နီဇွဲလား ယူ ၁၅၊ ယူ-၁၇၊ ယူ ၂၀ အစရှိတဲ့သက်တမ်းလိုက်အသင်းတိုင်းကို ကိုယ်စားပြုကစားခွင့်ရရှိခဲ့သူပါ။ ၂၀၁၆ ခုနှစ်မှာ လက်ရွေးစင်အသင်းကြီးကို စတင်ကိုယ်စားပြုကစားခွင့်ရခဲ့တဲ့ ဖာရီနက်ဇ်ဟာ လက်ရှိအချိန်မှာတော့ နည်းပြဒူ လ်ဒါမဲလ်ရဲ့ ယုံကြည်မှုကိုရရှိထားသူဖြစ်နေပါပြီ။ ဗင်နီဇွဲလားအမှတ်ပေးလိဂ်အကောင်းဆုံးဂိုးသမားဆုကို ၂ကြိမ် ဆက်ရရှိထားတဲ့ ဖာရီနက်ဇ်တစ်ယောက် အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ အိမ်ရှင်ဘရာဇီး၊ ပီရူး၊ ဘိုလီဗီယားအ သင်းတွေရဲ့ တိုက်စစ်ကို ဘယ်လိုမျိုးတားဆီးနိုင်မလဲ၊ ပြိုင်ပွဲအပြီး ဥရောပထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းခြင်း ခံရမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဖယ်ဒရီဂိုဗယ်လ်ဗာဒီ (ဥရုဂွေး)

ရီကိုဘား၊ မက်ဇီပီရီယာ၊ ဂတ်စ်တန်ရာမီးရက်ဇ်တို့အလွန် ဥရုဂွေးအလယ်တန်းမှာ ထွန်းထောက်လာမယ့်ကစား သမားအဖြစ် ဖယ်ဒရီဂိုဗယ်လ်ဗာဒီက မှတ်ချက်ပြုခြင်းခံထားရပါတယ်။ မွေးရပ်မြေပီနာရိုလ်အသင်းကနေ လူင ယ်ကစားသမားဘဝစတင်ခဲ့တဲ့ ဖယ်ဒရီဂိုဟာ အသက် ၁၅နှစ်အရွယ်ကတည်းက စပိန်ထိပ်သီးရီးရဲလ်အသင်းကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ရီးရဲလ်နည်းပြဟောင်းဆိုလာရီရဲ့ လက်ထွက်ကစားသမားတစ်ဦးပီပီ ကွင်းလယ် ကစားသမားကောင်းတစ်ဦးအဖြစ် ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲစဉ်တွေမှာ သက်သေပြခဲ့ပြီးပါပြီ။ ၂၀၁၇ ဖီဖာယူ- ၂၀ ပြိုင်ပွဲနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဖယ်ဒရီဂိုအနေနဲ့ လက်ရှိအချိန်မှာ ဥရုဂွေးကို ၁၃နှစ်ကြာကိုင်တွယ်နေ ခဲ့တဲ့ နည်းပြတာဘာရက်ဇ်ရဲ့ လူစာရင်းမှာ အဓိကကွင်းလယ်လူအဖြစ် ပါဝင်လာဖို့ရှိနေတာပါ။ တိုက်စစ်အားသ န်ကွင်းလယ်ကစားသမားကောင်းတွေထွက်ပေါ်လေ့ရှိတဲ့တောင်အမေရိကရဲ့ ထုတ်ကုန်အသစ်အဖြစ် ဖယ်ဒရီ ဂိုတစ်ယောက် သက်သေပြနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ စီနီယာကစားသမားတွေဖြစ်တဲ့ တော် ရီယာ၊ ဗန်တန်ကူအာ၊ မာသီးယက်စ်ဗီဆီနိုတို့ရဲ့အကြား ဖယ်ဒရီဂိုရဲ့ စွမ်းဆောင်မှုက ဥရုဂွေးကို ကိုပါအမေရိက ရဲ့ ဘယ်အဆင့်အထိရောက်အောင် ဆွဲတင်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာအဖြစ်ရှိနေပါတယ်။

အက်ဒါ့မယ်လစ်တာအို  (ဘရာဇီး)

ဖာနန်ဒင်ဟို၊ အာသာ၊ ကက်ဆာမီယိုတို့ရှိနေပြီးဖြစ်တဲ့ ဘရာဇီးကွင်းလယ်မှာ အက်ဒါ့အတွက် နေရာတစ်ရာရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ နည်းပြတီတီရဲ့အခွင့်အရေးပေးမှုနဲ့အတူ အသက် ၂၁နှစ်သာရှိနေသေးတဲ့ အက်ဒါ့အ တွက် အခွင့်အရေးရှိနေဆဲပါ။ ပေါ်တိုအသင်းနဲ့အတူ သူမတူတဲ့ခြေစွမ်းပြမှုနဲ့အတူ ရီးရဲလ်အသင်းရဲ့ တရားဝင် ကမ်းလှမ်းခြင်းကိုခံထားရတဲ့ အက်ဒါ့ရဲ့ ဆမ်ဘာခြေစွမ်းကလည်း သာမန်အဆင့်မဟုတ်ပါဘူး။ ဒွန်ဂါ၊ ဂီဘာတို ဆေးဗားလ်၊ ဇီရော်ဘတ်တို၊ အီမာဆင်တို့နောက် ထင်ပေါ်လာတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးစစ်စစ်ဖြ စ်တဲ့ အက်ဒါ့ရဲ့ခြေစွမ်းက လာမယ့် ကိုပါအမေရိကပွဲမှာ မြင်တွေ့ရမှာပါ။ ထူးခြားချက်တစ်ခုက အက်ဒါ့အနေနဲ့ ကွင်းလယ်ခံစစ်ကစားသမားအဖြစ်သာမက လိုအပ်ချက်ရှိရင် ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားနိုင်တဲ့အချက်က ဘ ရာဇီးနည်းပြတီတီအတွက် အရေးပါသူဖြစ်လာတာပါ။ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဗင်နီဇွဲလားတိုက်စစ်မှူး ရွန်ဒွန်၊ ဘိုလီဗီးယားဝါရင့်တိုက်စစ်မှူးမာဆယ်လ်မာတင်၊ ပီရူးဝါရင့်တိုက်စစ်မှူးဂွါရဲရိုးလ်တို့ကို အက်ဒါ့တစ်ယော က် ဘယ်လိုထိန်းချုပ်ပြီး ကစားသမားဘဝနောက်တစ်ဆင့်မြင့်တက်မယ့် စာမေးပွဲကို ဘယ်လိုရင်ဆိုင်မလဲဆို တာကတော့ ဇွန် ၁၅မှာစမယ့် ပြိုင်ပွဲကို စီးမျောခံစားရင်း …။



က္က