မက်ဆီက ဘရာဇီးလ်က ကွင်းအခြေအနေကို ဝေဖန်ခဲ့တာပါ။
Kg Htet

ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ယနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဘရာဇီးလ်ပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့် မက်ဆီကြောင့် စိုးရိမ်နေခြင်းမရှိဘဲ အင်တာဗျူးတစ်ခုမှာ မက်ဆီကို လှောင်ပြောင်သရော်ခဲ့ကြတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့ကစားရတဲ့အချိန်တိုင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပါရာဂွေအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူပြီးနောက် ဂိုးပေါက်ရှာတွေ့ခြင်းမရှိသေးသူလည်း ဖြစ်ပါတယ်။



ဗင်နီဇွဲလားအသင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မက်ဆီက ကိုပါအမေရိကပြိုင်ပွဲမှာ ခြေစွမ်းမပြသနိုင်တာဟာ အိမ်ရှင်နိုင်ငံ ဘရာဇီးလ်ရဲ့ကွင်းအခြေအနေကြောင့်လို့ ပြစ်တင်ပြောကြားခဲ့ပြီး ဘရာဇီးလ်ပရိသတ်တွေက မက်ဆီကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။

“ကျွန်တော် မက်ဆီကို မတွေ့မိပါဘူး။ သူ ကစားရော ကစားခဲ့ရဲ့လား။ သူ အဲဒီမှာ ရှိနေခဲ့တာလား။ သူ ဘောလုံးကစားနေခဲ့တာလား”လို့ ဘရာဇီးလ်ပရိသတ်တစ်ဦးက လှောင်ပြောင်ခဲ့ပါတယ်။

“မက်ဆီက ဘာမှ မလုပ်နိုင်ပါဘူး။ သူက အရေးအကြီးဆုံးပွဲစဉ်တွေရဲ့ ဖိအားတွေကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ ကစားသမားပါ။ အကြိတ်အနယ်ကစားရမယ့်ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် မက်ဆီက ဘာမှမလုပ်နိုင်ပါဘူး။ ဘရာဇီးလ်က ၃ ဂိုး ဂိုးမရှိနဲ့ အရင်တုန်းကလိုပဲ အနိုင်ရရှိသွားပါလိမ့်မယ်”လို့ ဘရာဇီးလ်ပရိသတ်တစ်ဦးက မှတ်ချက်ချခဲ့ပါတယ်။

နောက်ထပ်ဘရာဇီးလ်ပရိသတ်တစ်ဦးကလည်း ကိုပါအမေရိကပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“သူ အဲဒီမှာရှိနေခဲ့တယ်။ ဒါပေမယ့် သူ မပြေးပါဘူး။ ဒါမှမဟုတ် ဘာမှကို မလုပ်ခဲ့တာပါ။ မက်ဆီက ဘာစီလိုနာနဲ့ပဲ ကစားတတ်တာပါ။ အာဂျင်တီးနားအသင်းနဲ့ မကစားတတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က