ဒီကနေ့ည ကစားမှာပါ။
Kyaw Ko Ko Sint

အိုင်ဘီဇာနဲ့ပွဲပြီးရင် ဗလင်စီယာ အသင်းနဲ့ လာလီဂါ ပွဲကြပ် ကစားရဖို့ ရှိနေသေးတာကြောင့် မက်ဆီ အပါအဝင် ပီကေး၊ဘတ်စ်ကွက်တို့ကို ချန်လှပ်ခဲ့တာပါ။

အိုင်ဘီဇာ အသင်းနဲ့ ကစားမယ့် ကိုပါဒယ်ရေး ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲအတွက် ဘာစီလိုနာအသင်းရဲ့ လူစာရင်းမှာတော့ အသင်းခေါင်းဆောင် မက်ဆီကို ထည့်သွင်းလာခြင်းမရှိပါဘူး။

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီအပါအဝင် အခြား အဓိက ကစားသမားတွေ ဖြစ်တဲ့ ပီကေးနဲ့ ဘတ်စ်ကွက်တို့ကိုလည်း နည်းပြ စီတီယန်က ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။

အခု ကစားမယ့်အိုင်ဘီဇာ အသင်းကတော့ ဆီဂန်ဒါ (ခ) က အသင်းတစ်သင်းဖြစ်တာကြောင့်လည်း အခုလို အဓိက ကစားသမားအချို့ကို အနားပေးခဲ့ခြင်းလို့ ယူဆနိုင်ပါတယ်။

ကျန် အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂရုဇ်မန်း၊ဖရန်ကီဒီဂျောင်၊ဗီဒယ်၊ရာကီတစ်၊ဂျော်ဒီအယ်လ်ဘာ စတဲ့ ကစားသမားတွေကိုတော့ ခေါ်ဆောင်သွားပါတယ်။

ဘာစီလိုနာအသင်းကတော့ လက်ရှိ လာလီဂါ အမှတ်ပေးပြိုင်ပွဲမှာ ရမှတ် ၄၃ မှတ်နဲ့ ဒုတိယနေရာက ရီးရဲနဲ့ ရမှတ် တူသည့်တိုင်အောင် ရဂိုးများနေလို့ အဆင့် ၁ မှာ ရပ်တည်နေပါတယ်။



အိုင်ဘီဇာ အသင်းနဲ့ ကစားပြီးရင် ဘာစီလိုနာအသင်းက ဗလင်စီယာ အသင်းနဲ့ အဝေးကွင်း ပွဲကြပ် ကစားရဖို့ ရှိ နေသေးတာလည်း ဖြစ်ပါတယ်။

အိုင်ဘီဇာ အသင်းနဲ့ပွဲကတော့ ဒီကနေ့ည ၁၂ နာရီခွဲမှာ ယှဥ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းက အကြိမ် ၃၀ နဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။


Author


က္က