ကွင်းအတွင်း ပရိသတ်ဝင်ခွင့်ရဖို့ ၉ဝရာခိုင်နှုန်းသေချာနေခဲ့ပါပြီ။

၂၀၁၉-၂၀ ဘောလုံးရာသီ ကိုပါဒယ်ရေးလ်(စပိန်ဘုရင့်ဖလား) ဗိုလ်လုပွဲစဉ်အဖြစ် ဆိုစီဒက်နဲ့ဘီလ်ဘာအိုတို့ ယှ ဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

စပိန်လာလီဂါအသင်းတွေဖြစ်တဲ့ ဆိုစီဒက်နဲ့ဘီလ်ဘာအိုတို့အနေနဲ့ ကိုပါဒယ်ရေးလ်ဗိုလ်လုပွဲစဉ်ကို ပရိသတ် များဝင်ရောက်ကြည့်ရှု့ခွင့်ရရှိရေးအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေခဲ့ရာမှာ သဘောတူညီမှုအချို့ရရှိခဲ့ပြီဖြစ်တ ယ်လို့ စပိန်မီဒီယာတွေရဲ့ဖော်ပြချက်ကို footballitalia က ဖော်ပြလာပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီကိုပါဒယ်ရေးလ်ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာတဲ့ ဆိုစီဒက်၊ ဘီလ်ဘာအိုအသ င်းတွေအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာတို့ကိုကျော်ဖြတ်လာ ခဲ့ခြင်းကြောင့် အခုနှစ်ပွဲစဉ်က ပရိသတ်တွေအကြား စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်နေခဲ့တာပါ။



“ ညှိနှိုင်းမှုတွေကတော့ အဆင်ပြေခဲ့ပါပြီ။ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဆီကနေလည်း ကြိုဆိုလက်ခံတဲ့အ ပြုအမူတွေလက်ခံရရှိခဲ့ပါတယ်။

အခြားသောကဏ္ဍဆိုင်ရာတွေနဲ့ဆက်ပြီးညှိနှိုင်းဖို့လိုအပ်သလို စပိန်ဘောလုံး အဖွဲ့ချုပ်က တရားဝင်အတည်ပြုထုတ်ပြန်ပေးဖို့ပဲ လိုအပ်ပါတော့တယ် ” လို့ ဆိုစီဒက်အသင်းရဲ့ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်က အတည်ပြုခဲ့တာပါ။

သတင်းဖော်ပြမှုတွေအရ နှစ်ဖက်အသင်းဥက္ကဋ္ဌများအနေနဲ့ သီးသန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာကနေတဆင့် တာ ဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ကအတည်ပြုပေးခဲ့ပြီဖြစ်တဲ့အတွက် ပ ရိသတ်ဝင်ရောက်ကြည့်ရှု့ခွင့်ရဖို့ ၉ဝရာခိုင်နှုန်းသေချာနေခဲ့ပြီလည်းဖြစ်ပါတယ်။

အသင်းနှစ်သင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်ရဖို့ရှိနေပြီး ဒိုင်ကော်မတီ၊ ကစားသ မားများအစည်းအရုံးအပါအဝင် အခြားသောကဏ္ဍအသီးသီးက တာဝန်ရှိသူများထံ အကြောင်းကြားမှုများပြုလု ပ်ထားသလို ပရိသတ်တွေရဲ့စစ်တမ်းမှာတော့ ရာနှုန်းပြည့်နီးပါး ကွင်းအတွင်းလာရောက်ကြည့်ရှု့လိုနေတယ်လို့ သိရပါတယ်။



က္က