မက်ဆီဟာ ၂၀၀၉၊ ၂၀၁၂၂၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ဗိုလ်လုပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

၂၀၁၉ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းဟာ ဗလင်စီယာကို ၂-၁ဂိုးနဲ့ရှုံးပြီး ပြည်တွင်းဖလားနှစ်လုံးချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် မက်ဆီကတော့ စံချိန်မှတ်တမ်းသစ်တစ်ခု ဆက်လက်ရရှိခဲ့တယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

၂၀၁၈-၁၉ ဘောလုံးရာသီမှာ လီယွန်နယ်မက်ဆီဟာ စံချိန်မှတ်တမ်းကောင်းတွေ ဆက်တိုက်ရယူနေနိုင်ပါတယ်။ ဒီနှစ်ဘောလုံးရာသီရဲ့လာလီဂါရာသီသိမ်းနောက်ဆုံးပွဲဖြစ်တဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဗလင်စီယာကို ၂-၁ ဂိုးနဲ့ရှုံးပြီး ချန်ပီယံဆုနဲ့လွဲခဲ့ပေမယ့် မက်ဆီကတော့ မှတ်တမ်းကောင်းတစ်ခုကို ဆက်လက်ပိုင်ဆိုင်ခဲ့တယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းအတွက် မက်ဆီက ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီသွင်းဂိုးက မက်ဆီအတွက် စံချိန်မှတ်တမ်းသစ်တစ်ခု ဖြစ်စေခဲ့တာပါ။



မက်ဆီရရှိခဲ့တဲ့ စံချိန်ကတော့ ကိုပါဒယ်ရေးဗိုလ်လုပွဲခြောက်ကြိမ်မှာ ပွဲတိုင်းဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ မက်ဆီဟာ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ဗိုလ်လုပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကိုပါဒယ်ရေးပြိုင်ပွဲသမိုင်းတလျှောက်မှာ ဗိုလ်လုပွဲငါးကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ၁၉၄၀ နဲ့ ၁၉၅၅ ခုနှစ်ဝန်းကျင်က ဘီလ်ဘာအိုကစားသမားဟောင်းကြီး တယ်လ်မိုဇာရာက မှတ်တမ်းဝင်ထားပြီး ယခုအခါ မက်ဆီက ၎င်းရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီနှစ်ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဘာစီလိုနာအတွက် ၅ပွဲဝင်ကစားခဲ့ပြီး ၃ဂိုးသွင်းယူနိုင်ခဲ့ကာ ၃ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီဘာစီလိုနာအတွက်ပြိုင်ပွဲစုံ ကစားချိန်နာရီပေါင်း ၄,၀၂၃နာရီကစားခဲ့ကာ ၅၁ဂိုးသွင်းခဲ့ပြီး ၂၂ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ အထောင်တိုက်စစ်မှူး၊ နောက်ချန်တိုက်စစ်မှူး၊ ကွင်းလယ်တောင်ပံ အစရှိတဲ့နေရာသုံးနေရာမှာ ကစားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က