လာလီဂါအမှတ်ပေးဖလားကို ရီးရဲလ်ကဆွတ်ခူးချိန်မှာ ဘာကာက ရှုံးပွဲတွေ့နေခဲ့ပါတယ်။
Pyae Phyo Thein

ပြန်လည်စတင်ကစားချိန်ကစပြီး ရလဒ်တွေကျဆင်းနေခဲ့တဲ့ဒဏ်ကို ဘာစီလိုနာတို့ ခံစားခဲ့ရပြီး အသင်းတွင်းမှာလည်း အဆင်မပြေမှုတွေရှိနေခဲ့ပါတယ်။


အိမ်ကွင်းမှာ အိုဆာဆူနာကို အရေးနိမ့်ပြီး ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါအမှတ်ပေးဖလားကို ရရှိသွားခဲ့တဲ့နောက်မှာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက အသင်းကိုပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ လက်ရှိချန်ပီယံအဖြစ်ရှိနေခဲ့တဲ့ ဘာစီလိုနာဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်းမရှိခဲ့တဲ့အပြင် အိုဆာဆူနာကိုပါ အိမ်ကွင်းမှာရှုံးခဲ့တာဖြစ်ပါတယ်။ 

ပြန်လည်စတင်ကစားချိန်ကစပြီး ရလဒ်တွေကျဆင်းနေခဲ့တဲ့ဒဏ်ကို ဘာစီလိုနာတို့ ခံစားခဲ့ရပြီး အသင်းတွင်းမှာလည်း အဆင်မပြေမှုတွေရှိနေခဲ့ပါတယ်။ ရီးရဲလ်ကတော့ အဆိုပါအခွင့်ကောင်းကိုအသုံးချပြီးတော့ အမှတ်ပေးဖလားကိုရယူသွားခဲ့ကာ ပြီးခဲ့တဲ့နှစ်က ဆုဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့မှုကို ချေဖျက်နိုင်ခဲ့ပါတယ်။ 

တစ်ယောက်အသာနဲ့ကစားခဲ့ရပြီးမှ ရှုံးနိမ့်ခဲ့ရပြီးနောက် မက်ဆီက "ဒီပွဲက တစ်ရာသီလုံးကို ကိုယ်စားပြုခဲ့ပါတယ်၊ မှားယွင်းပြီး အားနည်းချက်တွေရှိနေတဲ့ အသင်းဖြစ်နေပါပြီ၊ ရီးရဲလ်မက်ဒရစ်ကတော့ ပြန်ကစားကတည်းက ရှုံးပွဲမရှိခဲ့ဘဲနဲ့ အမှတ်ပေးဖလားကို ယူသွားခဲ့ပါတယ်၊ အရမ်းအထင်ကြီးစရာပါပဲ၊ ဒါပေမယ့်လည်း သူတို့တွေ လိဂ်ဖလားရအောင် ကျွန်တော်တို့ ကူညီပေးသလိုဖြစ်ခဲ့ရပါတယ်"

"ကျွန်တော်တို့ ကစားပုံအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်ရမှာပါ၊ ပါဝင်ကစားခဲ့တဲ့သူတွေကိုရော၊ ကျန်ကစားသမားတွေကိုရောပါ" လို့ မက်ဆီက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိနေသေးတဲ့အပေါ်မှာလည်း မက်ဆီက "ဒီကစားပုံနဲ့ဆိုရင် နာပိုလီကိုလည်း အရေးနိမ့်မှာပါပဲ၊ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်မယ့် အခွင့်အရေးလည်းရှိမှာမဟုတ်ပါဘူး"

"ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့က အရမ်းခက်ခဲပါတယ်၊ အမှားအယွင်းတွေအားလုံးအတွက် ကိုယ့်ကိုကိုယ်သာအပြစ်တင်ကြရပါတော့မယ်" လို့ ထပ်ပြောသွားခဲ့့ပါတယ်။ 


Author


က္က