ဂစ်နဲ့အတူ ရှယ်ယာပိုင်ဆိုင်တာပါ။
Kyaw Ko Ko Sint

ရွိုင်ရယ်ဂစ်နဲ့အတူ ပိုင်ဆိုင်ထားတဲ့ ဟိုတယ် ၂ ခုကို ခွင့်ပြုပေးတာဖြစ်ပြီး တနင်္ဂနွေမှာစတင်အသုံးပြုနိုင်မှာပါ။

မန်ချက်စတာယူနိုက်တက်နဲ့အင်္ဂလန် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က‌တော့ သူပိုင်ဆိုင်တဲ့ ဟိုတယ်၂ခုစလုံးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ကြိုးပမ်းနေတဲ့ ကျန်းမာရေးလုပ်သားတွေ အသုံးပြုဖို့ ခွင့်ပြုပေးလိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

နဗီးလ်အနေနဲ့ ဟိုတယ် ၂ခုစလုံးကို မန်ချက်စတာမှာ ပိုင်ဆိုင်ထားတာဖြစ်ပြီး အများပြည်သူအတွက် တံခါးဖွင့်ပေး လိုက်ချိန်မှာ နေရှင်နယ် ကျန်းမာရေး ဝန်ထမ်းတွေအတွက် အသင့်အသုံးပြုလို့ရမယ့် ကုတင်၁၇၆ လုံးပါဝင်ပါ တယ်။



ဒါ့အပြင် ဝန်ထမ်းတွေကိုလည်း မလိုအပ်ပဲ လစာမဲ့ ခွင့်ယူစေမှာ မဟုတ်ဖူးလို့ ဂယ်ရီနဗီးလ်က ဆိုလာခဲ့ပါ သေးတယ်။

“အခုလို အားလုံး စည်းစည်းလုံးလုံး လုပ်ဆောင်ရတဲ့အပေါ် ဝမ်း‌မြောက်မိပါတယ်။ဒီအချိန်မှာ စည်းလုံးညီညွတ်မှု ကို ပြသဖို့ လိုပါပြီ၊အခုလို ဘာမှ မသေချာတဲ့အခြေအနေမှာ မကြာခင်လအနည်းငယ်အတွင်း လူတွေ နေထိုင်မှု ပိုလိုအပ်လာပါတော့မယ်။ဒါကြောင့် အခုလို ကူညီပေးတာပါ။”လို့ နဗီးလ်က ဆိုပါတယ်။

နဗီးလ်က ဟိုတယ်တွေကို တစ်ဦးတည်း ပိုင်ဆိုင်ထားတာမဟုတ်ပဲ ယူနိုက်တက်အသင်းဖော်ဟောင်း ရွိုင်ယန်ဂစ်နဲ့ စပ်တူပိုင်ဆိုင်ထားတာြဖစ်ပါတယ်။

ဟိုတယ် စတော့ခ်အိတ်ချိန်းက မြို့လယ်ခေါင်မှာရှိပြီး ဘောလုံးဟိုတယ်ကတော့ အိုးထရက်ဖို့ဒ်ကွင်းနားမှာတင်ရှိ တာပါ။

ဟိုတယ်နှစ်ခုစလုံးကို လာမယ့် တနင်္ဂနွေနေ့ကစတင်ပြီး အများပြည်သူအတွက် ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကတော့ သောကြာနေ့ကစတင်ပြီး လုပ်‌ဆောင်စရာတွေ လုပ်ဆောင်ဖို့ ခွင့်ပြုပေးသွားမှာ လို့ သိရပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေ သူတို့ လုပ်စရာရှိတာ လုပ်နေချိန်မှာ ကျွန်တော့် ဝန်ထမ်းတွေလည်း ပုံမှန်အတိုင်း လုပ်ဆောင်နေမှာပါ၊လိုအပ်ချက်အရ မိသားစုနဲ့ခွဲနေရမယ့်သူတွေအနေနဲ့ အကျိုးသက်ရောက်မှုရှိစေမယ့် နေရာ ဖြစ်စေရပါမယ်။”လို့ နဗီးလ်က ဆက်လက်ပြောပါတယ်။

အင်္ဂလန်မှာလည်း လန်ဒန်ကလပ် ချဲလ်ဆီးအသင်းက အသင်းပိုင် ဟိုတယ်ကို ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။


Author


က္က