သံသယလူနာ ‌စောင့်ကြည့်နေရာမှာ ပါဝင်လုပ်ကိုင်နေတာပါ။

အန်ဖီးလ်မှာရှိတဲ့ အစားအသောက်ဝန်‌ဆောင်မှု လုပ်ငန်းက ဖွင့်လှစ်ထားတဲ့ စောင့်ကြည့်နေရာမှာ ပူးပေါင်း ပါဝင်နေတာပါ။

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်ခံထားရတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီနိုင်ဖို့အတွက် စပါး အ သင်းရဲ့ နည်းပြ မော်ရင်ဟိုက စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။



မော်ရင်ဟိုက ဒေသထွက်ကုန်ပစ္စည်တွေနဲ့ဝန်ဆောင်မှုပေးနေတဲ့ Love Your DoorStepအဖွဲ့အစည်းနဲ့ပေါင်းကာ သက်ကြီးရွယ်အိုတွေအတွက် အစားအသောက်များ ပါဆယ်ထုတ်ပေးခြင်းအပါအဝင် အခြားသော ဝန်ဆောင်မှုတွေ ကိုပါ ပြုလုပ်ပေးသွားဖို့ အဆင်သင့်ရှိနေတာပါ။

အခုလို လူမှုအကျိုးပြုလုပ်ငန်း လုပ်ဆောင်မှုအပေါ် မော်ရင်ဟိုက - “ ကျွန်တော်အခု ကူညီဖို့ အန်ဖီးလ်ကို ရောက်နေပါပြီ။အခုချိန်မှာ အစားအသာက်၊ငွေကြေး ဒါမှမဟုတ် လုပ်အားဒါန အားလုံးပါဝင် ကူညီနိုင်ပါတယ်။”လို့ Love Your DoorStep အကောင့်ကတဆင့် ပြောခဲ့ပါတယ်။



လက်ရှိမှာလည်း ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ပိတ်ဆို့မှုများကို တင်းကြပ်စွာလုပ်ဆောင်နေပြီး လိုက်နာမှု မရှိသူများကို ငွေဒဏ်များ ပြင်းထန်စွာ ချမှတ်မယ်လို့လည်း အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မော်ရင်ဟိုတာဝန်ယူကိုင်တွယ်နေတဲ့စပါးအသင်း ပါဝင်ကစားနေတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကိုလည်း ဧပြီလ ၃၀ ရက်နေ့အထိ ရပ်နားထားပါတယ်။

နောက်ဆုံးရ သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းက လူပေါင်း ၁၆၄၉၀ရဲ့ အသက်ကို ဆွဲနှုတ်သွား ပြီလို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က