loading...

loading...

loading...

မက်ဆီထက် ၂ ဂိုးသာ ပိုမိုများနေပါတယ်။
Kyaw Ko Ko Sint

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လီဗန်တေးကို ၁-၀ နဲ့နိုင်တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ကစားသမား ဘ၀ တစ်သင်းတည်းသော ဘာစီလိုနာအသင်းအတွက် သွင်းဂိုး စုစုပေါင်း ၅၉၈ ဂိုးအထိသွင်းယူထားနိုင်ပြီ ဖြစ်တာကြောင့် ရော်နယ်ဒိုကိုမီဖို့ ၂ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုအနေနဲ့ ကစားသမားဘ၀ ကလပ် သွင်းဂိုး ၆၀၀ ပြည့်သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြပါတယ်။

ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ဒီရာသီပြိုင်ပွဲစုံ ၂၇ ဂိုးသွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး ကစားသမားဘ၀ တစ်လျှောက်မှာတော့ စပို့တင်း လစ္စဘွန်းအတွက် ၅ ဂိုး ၊ မန်ယူအတွက် ၁၁၈ ဂိုးနဲ့ ရီးရဲမက်ဒ ရစ်အတွက် ၄၅၀ ဂိုး စုစုပေါင်း ဂိုး ၆၀၀ ကို ကလပ်အသင်း ၄ သင်းအတွက် သွင်းယူပေးထားခဲ့တာပါ။

ဒီလို ကလပ်အသင်း သွင်းဂိုး ၆၀၀ ပြည့်မြောက်ခဲ့ချိန်မှာ ရော်နယ်ဒိုရဲ့ အဓိက အနီးကပ် ပြိုင်ဖက်လို့ ပြောရမယ့် လီယွန်နယ်မက်ဆီကလည်း ကစားသမားဘ၀ တစ်သင်းတည်းသော ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၅၉၈ ဂိုးမြောက် သွင်းဂိုးကို လီဗန်တေးအသင်းနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုက မက်ဆီထက် ကလပ်သွင်းဂိုး ၂ ဂိုးသာ ပိုများနေတာ မြင်တွေ့ရမှာပါ။

အင်တာမီလန်အသင်းနဲ့ မကစားခင်မှာကတည်းက ဂျူဗင်တပ်အသင်းဟာ ၈ ကြိမ်ဆက် စီးရီးအေ အမှတ်ပေးဖလားကို ရယူထားနိုင်ပြီ ဖြစ်ပေမယ့်လည်း ပွဲမကစားခင် အင်တာမီလန်ပရိသတ်တွေက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်က ထွက်လာရတဲ့ ဂျူဗင်တပ်အသင်းကို လှောင်ပြောင်မှုများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဒီနှစ်မှာ ရီးရဲကနေ ဂျူဗင်တပ်ကို ပြောင်းလာပြီး ဂျူဗင်တပ်အသင်းနဲ့ အတူ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ဘောလုံးလောကမှာ ပရီးမီးယားလိဂ်၊လာလီဂါနဲ့စီးရီးအေ အမှတ်ပေးချန်ပီယံဆု ၃ ဆုကို ရယူဖူးတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က